Sunday 23 February 2014

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

Photo: ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
Sunday, February 23, 2014

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့်အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းကို စတင်ပြုလုပ်သည့်အချိန်မှ စတင်ကာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာမှုများလာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ခရီးသွားလုပ်ငန်းများမှာလည်း အဆိုပါစီမံကိန်းကြောင့် ပိုမိုဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

“စီးပွားရေးကြောင့်လာကြတဲ့ ခရီးသွားတွေ များလာတယ်။ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေက ဂေဟစနစ်ကို ပျက်စီးမှာစိုးလာတဲ့အတွက် Eco Tourism ကို လုပ်ဆောင်ဖြစ်တာပါ။ ဒီလို Eco Tourism ကို လုပ်ဆောင်ရတာကလည်း စီးပွားရေးအတွက်လာတဲ့ ဧည့်သည်တွေကို ခရီးသွားနေရာသစ်တွေ ပို့ဆောင်ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားအောင်လို့ ဒီလိုလုပ်ဆောင်ဖြစ်တာပါ။ ပြီးတော့နိုင်ငံခြားသားတွေကို ထားဝယ်ကို ဘာကြောင့်လာသလဲလို့ အမြဲတမ်းကျွန်တော်မေးကြည့်တယ်။ ထားဝယ်က တခြားနေရာနဲ့ မတူဘူးတဲ့။ တောတောင်ရေမြေ သဘာဝကောင်းတယ်။ နေရာလည်း ကျယ်တယ်။ လူဦးရေလည်း နည်းတယ်။ ဆွစ်ဇာလန်တို့၊ ဟော်လန်တို့ အရမ်းမျက်စိကျနေကြတယ်။ သူတို့နိုင်ငံမှာ မတရားအေးတယ်လေ။ ရာသီဥတုဆိုးရွားတော့ ဒီမှာ အပန်းလာဖြေကြတာပေါ့”ဟု ထားဝယ်ခရီးသွားလုပ်ငန်းမှ ဦးထိန်လင်း၏ ပြောကြားချက်အရသည်။

လက်ရှိ ထားဝယ်မြို့တွင် နိုင်ငံခြားသား ဧည့်သည်များကို ပို့ဆောင်ရန် မောင်းမကန်ကမ်းခြေနှင့် စက်မှုဇုန်ဖော်ဆောင်မည့် နေရာအပြင် ထားဝယ်ရှိရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းရာဇ၀င်များစွာရှိသော နေရာများသို့ ခရီးသွားများကို ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။ ယင်းအပြင် ခရီးသွား ဖွံ့ဖြိုးလာပြီး နောက်ပိုင်းတွင် ထားဝယ်မြို့၌ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ငါးလုံး၊ အခန်းပေါင်း ၁၇၉ ခန်း ရှိကြောင်း ၂၀၁၃ ခုနှစ် စာရင်းများအရ သိရသည်။ ခရီးသွား ဖွံ့ဖြိုးလာမှုကြောင့် ထိုဒေသရှိဒေသခံများမှာ ခရီးသွားလုပ်ငန်းအကြောင်းကို ပိုမိုသိရှိလာစေရန်အတွက် ခရီးသွားဆိုင်ရာအကြောင်းအရာများကို လေ့လာချင်ကြောင်းလည်း သိရသည်။

“ထားဝယ်မှာ ခရီးသွားဖွံ့ဖြိုးလာဖို့အတွက် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေကနေပြီး ကျွန်တော်တို့ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့အတွက် ကျွန်တော်တို့ကို လာရောက်တိုင်ပင်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တွေက သွားရောက် သင်ကြားပေးသွားမှာပါ”ဟု Ruby Land ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထားဝယ်သို့ လာရောက်သော နိုင်ငံခြားသားများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပိုမိုဝင်ရောက်လျက်ရှိကာ ထိုင်း နှင့်ဂျပန်လူမျိုးများ ၀င်ရောက်မှု ပိုမိုများပြားလာပြီး တရုတ်နှင့်အနောက်နိုင်ငံမှ နိုင်ငံခြားသားဧည့်သည်များလည်း ၀င်ရောက်လျက်ရှိလာကြောင်း သိရှိရသည်။

Eleven Media Group

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့် အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန် အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းကို စတင်ပြုလုပ်သည့်အချိန်မှ စတင်ကာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာမှုများလာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ခရီးသွားလုပ်ငန်းများမှာလည်း အဆိုပါ စီမံကိန်းကြောင့် ပိုမိုဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

“စီးပွားရေးကြောင့်လာကြတဲ့ ခရီးသွားတွေ များလာတယ်။ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေ က ဂေဟစနစ် ကို ပျက်စီးမှာစိုးလာတဲ့အတွက် Eco Tourism ကို လုပ်ဆောင်ဖြစ်တာပါ။ ဒီလို Eco Tourism ကို လုပ်ဆောင်ရတာကလည်း စီးပွားရေးအတွက်လာတဲ့ ဧည့်သည်တွေကို ခရီးသွားနေရာ သစ်တွေ ပို့ဆောင်ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားအောင်လို့ ဒီလိုလုပ်ဆောင်ဖြစ်တာပါ။ ပြီးတော့နိုင်ငံခြားသားတွေကို ထားဝယ်ကို ဘာကြောင့်လာသလဲလို့ အမြဲတမ်းကျွန်တော်မေးကြည့်တယ်။ ထားဝယ်က တခြားနေရာနဲ့ မတူဘူးတဲ့။ တောတောင်ရေမြေ သဘာဝကောင်းတယ်။ နေရာလည်း ကျယ်တယ်။ လူဦးရေလည်း နည်းတယ်။ ဆွစ်ဇာလန် တို့၊ ဟော်လန်တို့ အရမ်းမျက်စိကျနေကြတယ်။ သူတို့နိုင်ငံမှာ မတရားအေးတယ်လေ။ ရာသီဥတု ဆိုးရွားတော့ ဒီမှာ အပန်းလာဖြေကြတာပေါ့”ဟု ထားဝယ်ခရီးသွားလုပ်ငန်းမှ ဦးထိန်လင်း၏ ပြော ကြားချက်အရသည်။

လက်ရှိ ထားဝယ်မြို့တွင် နိုင်ငံခြားသား ဧည့်သည်များကို ပို့ဆောင်ရန် မောင်းမကန်ကမ်းခြေနှင့် စက်မှု ဇုန်ဖော်ဆောင်မည့် နေရာအပြင် ထားဝယ်ရှိရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းရာဇ၀င်များစွာ ရှိသော နေရာများသို့ ခရီးသွားများကို ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။ ယင်းအပြင် ခရီးသွား ဖွံ့ဖြိုးလာပြီး နောက်ပိုင်းတွင် ထားဝယ်မြို့၌ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ငါးလုံး၊ အခန်းပေါင်း ၁၇၉ ခန်း ရှိကြောင်း ၂၀၁၃ ခုနှစ် စာရင်းများအရ သိရသည်။ ခရီးသွား ဖွံ့ဖြိုးလာမှုကြောင့် ထိုဒေသရှိဒေသခံများမှာ ခရီးသွားလုပ်ငန်းအကြောင်းကို ပိုမိုသိရှိလာစေရန်အတွက် ခရီးသွားဆိုင်ရာ အကြောင်းအရာ များကို လေ့လာချင်ကြောင်းလည်း သိရသည်။

“ထားဝယ်မှာ ခရီးသွားဖွံ့ဖြိုးလာဖို့အတွက် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေကနေပြီး ကျွန်တော်တို့ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့အတွက် ကျွန်တော်တို့ကို လာရောက်တိုင်ပင်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တွေက သွားရောက် သင်ကြားပေးသွားမှာပါ”ဟု Ruby Land ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထားဝယ်သို့ လာရောက်သော နိုင်ငံခြားသားများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပိုမိုဝင်ရောက် လျက်ရှိကာ ထိုင်း နှင့်ဂျပန်လူမျိုးများ ၀င်ရောက်မှု ပိုမိုများပြားလာပြီး တရုတ်နှင့် အနောက်နိုင်ငံ မှ နိုင်ငံခြားသားဧည့်သည်များလည်း ၀င်ရောက်လျက်ရှိလာကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment