Sunday 23 February 2014

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်

Photo: အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်
Sunday, February 23, 2014

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
    
ယခင်ကျင့်သုံးသည့် အလုံးစုံမော်တော်ယာဉ်အာမခံစနစ်သည် ယာဉ်ပိုင်ရှင်မှ အာမခံကုမ္ပဏီများတွင် တစ်ပြိုင်နက်ထားရှိခဲ့ပြီး လျော်ကြေးငွေကိုလည်းထားရှိသည့် အာမခံကုမ္ပဏီများထံမှ ရရှိခဲ့သည်။ ယခု knock for knock agreement တွင်မူ ကုမ္ပဏီတစ်ခုတည်းတွင်သာ အာမခံထားရှိရမည်ဖြစ်ပြီး လျော်ကြေးငွေကိုလည်း ကုမ္ပဏီတစ်ခုတည်းမှသာ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
    
"knock for knock agreement က ကုမ္ပဏီနှစ်ခုမှာထားရင်လည်း တစ်ခုကပဲလျော်မှာပါ။ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း အာမခံကုမ္ပဏီတစ်ခုတည်းမှာသာ အာမခံထားရှိဖို့လိုပါတယ်။ ကုမ္ပဏီဘယ်နှခုမှာပဲထားထား တစ်ခုတည်းကသာ ပေးလျော်မှာဖြစ်ပါတယ်။ ဥပမာ- အေကုမ္ပဏီမှာထားတဲ့ကားနဲ့  ဘီကုမ္ပဏီမှာ ထားတဲ့ကားနှစ်စီးတိုက်ရင် သက်ဆိုင်တဲ့ကုမ္ပဏီကပဲ ကိုယ့်ကားကိုကိုယ် ပေးလျော်ရမှာပေါ့။ အေဘက်ကကားက အာမခံထားပြီး တစ်ဖက်ကကားက အာမခံမထားရင်တော့ နှစ်ခုလုံးကို ပေးလျော်ပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
    
ယခုရေးထိုးခဲ့သည့် အာမခံကုမ္ပဏီများမှာ First National Insurance၊ Grand Guardian Insurance Public Co,ltd၊ IKBZ Insurance Public Co,ltd၊ Global World Insurance၊ အောင်သစ္စာဦး အာမခံ၊ ဧရာမြန်မာ အာမခံနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။         
    
အလုံးစုံမော်တော်ယာဉ် အာမခံထားရှိထားသော မော်တော်ယာဉ်များအနေဖြင့် ယာဉ်အန္တရာယ်ဖြစ်ပါက ဖြစ်ရပ်တစ်ခုလျှင် အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ကာ အဆိုပါယာဉ်ကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့လျှင် လူတစ်ဦးလျှင်ကျပ် ၁၀ သိန်း ပေးလျော်ကြောင်း သိရသည်။

Eleven Media Group

ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်း ကသာ ပေးလျော်မည့် စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံ ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
   
ယခင်ကျင့်သုံးသည့် အလုံးစုံမော်တော်ယာဉ်အာမခံစနစ်သည် ယာဉ်ပိုင်ရှင်မှ အာမခံကုမ္ပဏီများတွင် တစ်ပြိုင်နက်ထားရှိခဲ့ပြီး လျော်ကြေးငွေကိုလည်းထားရှိသည့် အာမခံကုမ္ပဏီများထံမှ ရရှိခဲ့သည်။ ယခု knock for knock agreement တွင်မူ ကုမ္ပဏီတစ်ခုတည်းတွင်သာ အာမခံထားရှိ ရမည်ဖြစ် ပြီး လျော်ကြေးငွေကိုလည်း ကုမ္ပဏီတစ်ခုတည်းမှသာ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
   
"knock for knock agreement က ကုမ္ပဏီနှစ်ခုမှာထားရင်လည်း တစ်ခုကပဲလျော်မှာပါ။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့လည်း အာမခံကုမ္ပဏီတစ်ခုတည်းမှာသာ အာမခံထားရှိဖို့လိုပါတယ်။ ကုမ္ပဏီဘယ်နှခုမှာပဲ ထားထား တစ်ခုတည်းကသာ ပေးလျော်မှာဖြစ်ပါတယ်။ ဥပမာ- အေကုမ္ပဏီမှာထားတဲ့ကားနဲ့  ဘီကုမ္ပဏီ မှာ ထားတဲ့ကားနှစ်စီးတိုက်ရင် သက်ဆိုင်တဲ့ကုမ္ပဏီကပဲ ကိုယ့်ကားကိုကိုယ် ပေးလျော်ရ မှာပေါ့။ အေဘက်ကကားက အာမခံထားပြီး တစ်ဖက်ကကားက အာမခံမထားရင်တော့ နှစ်ခုလုံး ကို ပေးလျော်ပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြော ကြားသည်။
   
ယခုရေးထိုးခဲ့သည့် အာမခံကုမ္ပဏီများမှာ First National Insurance၊ Grand Guardian Insurance Public Co,ltd၊ IKBZ Insurance Public Co,ltd၊ Global World Insurance၊ အောင်သစ္စာဦး အာမခံ၊ ဧရာမြန်မာ အာမခံနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။        
   
အလုံးစုံမော်တော်ယာဉ် အာမခံထားရှိထားသော မော်တော်ယာဉ်များအနေဖြင့် ယာဉ်အန္တရာယ်ဖြစ် ပါက ဖြစ်ရပ်တစ်ခုလျှင် အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ကာ အဆိုပါယာဉ်ကြောင့် လူသေ ဆုံးမှုဖြစ်ပေါ်ခဲ့လျှင် လူတစ်ဦးလျှင်ကျပ် ၁၀ သိန်း ပေးလျော်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment