Sunday 23 February 2014

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူ များကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဖေဖော်ဝါရီ ၂၂ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ဦးသိန်းညွန့်က "တကယ်တမ်းဒါတွေကိုလုပ်ဖို့ ဒီဇင်ဘာလောက်မှ ခွင့်ပြုတော့ ကျွန်တော်တို့ကလည်း တကယ်တမ်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူ့လိုအပ်ချက်ကိုသိအောင်လို့ ပြည်သူတွေနဲ့ တိုက် ရိုက် ထိတွေ့ပြီး လုပ်ပါဆိုတဲ့အတိုင်း ကွင်းဆင်းပြီး လုပ်တယ်။ ဒီနေရာမှာ သူတို့တင်လာတဲ့ စာရွက်တွေ အတိုင်း မလုပ်ဘူး။ ဒီအတွက် တကယ်ဆင်းရဲတဲ့နေရာတွေကို သေသေချာချာလေး လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေရာမှာ အခက်အခဲကတော့ မူဝါဒမတူတာပါ။ အရင်တုန်းကကျွန်တော်တို့ ဖွံ့ဖြိုးရေးကော်မတီ မှာက လွှတ်တော်ကိုယ်စားလှယ်တွေပဲပါတယ်။ အခုတော့ သီးခြားမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးရေးကော်မတီဆိုပြီး ခွဲထားတဲ့နေရာတွေရှိသလို ဒီနေရာမှာ ဒီကော်မတီတွေက သူတို့ပါတီစွဲနဲ့ သူတို့ဖြစ် ချင်တဲ့ လမ်းကြောင်းလေးတွေကို သွားတာလေးတွေကို လုပ်နေတာလေးတွေရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲရှိတယ်။ နှောင့်နှေးမှုတွေ ဖြစ်စေတယ်"ဟု ပြောကြားသည်။

အခုတော့ သီးခြားမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီဆိုပြီး ခွဲထားတဲ့နေရာတွေရှိ သလို ဒီနေရာမှာ ဒီကော်မတီတွေက သူတို့ပါတီစွဲနဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းလေးတွေကို သွား တာလေးတွေကို လုပ်နေတာလေးတွေရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲရှိတယ် ပြည်ထော င် စု လွှတ်တော်မှ မြို့နယ်တစ်မြို့နယ်လျှင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ အား မြို့နယ် တွင်းသောက်သုံးရေ ရရှိရေးဆောင်ရွက်ရန်၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်၊ လမ်းတံတားများ ပြင်ဆင်ရေးနှင့် မြို့နယ်တွင်း ပြည်သူလူထု အမှန်တကယ် လိုအပ် သည်များကို ဖြည့်ဆည်းပေးရေး အသုံးပြုရန် မြို့နယ် ၃၀၀ ကျော်အား ချထားပေးခဲ့ပြီး မြို့နယ်အသီးသီး တွင် အဆိုပါ ရန်ပုံငွေအား စနစ်တကျခွဲဝေသုံးစွဲနိုင်ရန် ကော်မတီငယ်များ ဖွဲ့စည်းဆောင် ရွက်နေခြင်းဖြစ် သည်။

"ဒါတွေကတော့ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ဖြစ်နေတာတွေပါ။ ကျန်တဲ့နေရာတွေမှာတော့ မသိပေ မယ့် ရှိကောင်းလည်း ရှိနိုင်မှာပါ။ ဒါနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီလုပ်ငန်းပြီး ရင်တာ့ ပြန်သုံးသပ်မယ်။ ဒီနေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီတွေက ပါတီစွဲ အတိုင်းလုပ်မယ်ဆိုရင် တည်ဆဲဥပဒေကို ချိုးဖောက်တဲ့အတွက် လွှတ်တော်ဖွံ့ဖြိုးရေးကော်မတီကို တင်ပြသင့်ရင်လည်း တင်ပြသွားဖို့ရှိတယ်"ဟု ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်အနေဖြင့် အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း တစ်ထောင်အား ရပ်ကွက်(၃၄) ရပ်ကွက် တွင် သောက်သုံးရေရရှိရေးအတွက် ကျပ် ၁၆၃ သိန်းကျော်၊ လမ်းတံတားပြုပြင်ရေးအတွက် ကျပ်သိန်း ၄၁၀ ကျော်၊ ပညာရေးအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကျပ် ၁၄၁ သိန်းကျော် ၊ ပြည်သူလူထု အမှန်တကယ်လိုအပ်ချက်များ ဖြည့်စွက်ရန် ကျပ်သိန်း ၂၁၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံများ ပြုပြင်ရန်အတွက် ကျပ်သိန်း ၂၀ ကျော်တို့အား ဖွံ့ဖြိုးရေးလုပ်ငန်း ၆၆ ခုတွင် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရန်ပုံငွေများကို ကျန်လိုအပ်ချက်များအတွက် ဆက်လက်သုံးစွဲသွား မည်ဖြစ်ကြောင်း

Eleven Media Group

No comments:

Post a Comment