Thursday 3 October 2013

ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို

Photo: ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို 
Thursday, October 3, 2013

အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘ များက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်း လို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံ ပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်းများ ဖြစ်လာစေရန် မိဘဆရာ အသင်းများ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်း အုပ်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာကို ကြောက်ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၆၀ မှ ကျောင်း အုပ်ကြီးများကို ကလေးပျော် ကျောင်းများ ဖြစ်လာစေရန် စွမ်းဆောင် ရည် မြင့်မားရေးအတွက် သင်တန်း ငါးရက်ကြာ ပို့ချထားပြီး ယင်းကျောင်း ၆၀ ကို နယ်မြေ ရှစ်အုပ်စုခွဲကာ မိဘဆရာ စွမ်းဆောင် ရည် မြင့်မားရေး လုပ်ငန်း ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

The Voice Weekly
အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာ လဲလှယ်ပေးရန် ကျောင်းသားမိဘများက တောင်းဆိုခွင့်ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံ ပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့လဲပေးပါလို့ ကျောင်းသား မိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။
အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံ ပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်း များ ဖြစ် လာစေရန် မိဘဆရာအသင်းများ စွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်း အုပ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကလေးတွေ ကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာ ကို ကြောက် ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၆၀ မှ ကျောင်း အုပ်ကြီးများကို ကလေးေ ပျာ် ကျောင်းများ ဖြစ်လာစေရန် စွမ်းဆောင် ရည် မြင့်မားရေးအတွက် သင်တန်း ငါးရက်ကြာ ပို့ချထားပြီး ယင်းကျောင်း ၆၀ ကို နယ်မြေ ရှစ်အုပ်စုခွဲကာ မိဘဆရာ စွမ်းဆောင် ရည် မြင့်မားရေး လုပ်ငန်း ဆွေးနွေး ပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

The Voice Weekly

No comments:

Post a Comment