Thursday 3 October 2013

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက်(၁၂)နှစ်အရွယ် အိမ် အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲမှတ်တမ်းများအရ သိရသည်။
အမျိုးသမီးငယ်သည် ယင်းနေ့ညနေ (၅)နာရီခန့်က မီးဖိုခန်းအတွင်း အလုပ်လုပ်နေစဉ် အိမ်ရှင် ဦးလှထွေး က မုန့်ဖိုးဟုဆိုကာ ငွေ(၁ဝဝ)ကျပ်ပေးကြောင်း၊ ထို့နောက် ကြမ်းပြင်ပေါ်သို့ဆွဲလှဲကာ အလိုမတူဘဲ သား မယားအဖြစ်ပြုကျင့်ခဲ့သောကြောင့်မိမိအိမ်သို့ ငိုယိုကာ ပြန် လာကြောင်း အတူနေထိုင်သည့် အဒေါ်ဖြစ် သူ ၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်ကြားထားချက်ကို ဒဂုံ ဆပ်ကမ်းမမစ (ပ)၃၃၈/၁၃၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ် သက်ဝေ(စခမ)က စစ်းဆေး လျက် ရှိကြောင်း သိရသည်။

ဝေလင်း
မြန်မာ့ခေတ်

No comments:

Post a Comment