Thursday 3 October 2013

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းမပြုတော့ဘဲ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြု

လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေး ရန် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ပြန် လည် အတည်ပြုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သတ္တမအကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့ ထားခဲ့သော ယင်းဥပဒေကို သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ တိုင်တန်းချက်များအပေါ် အလေးအနက် ထား ဆောင်ရွက်လိုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်မှုများသည် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြ သလိုကြောင်း တင်ပြလာခြင်း၊ ပြည်သူလူထုက ယင်းဥပဒေနှင့် ပတ်သက်၍ အကြံပြုစာများ အပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထား ထည့်သွင်း စဉ်းစားလိုခြင်းတို့ကြောင့် ဥပဒေကြမ်းအား ဆိုင်းငံ့ထားခြင်း မပြုဘဲ လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့ထားခဲ့သော ယင်းဥပဒေကို သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ တိုင်တန်း ချက် များအပေါ် အလေးနက်ထား ဆောင်ရွက်လိုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် ထမ်းဆောင်မှု များ သည် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသလိုကြောင်း တင်ပြလာခြင်း၊ ပြည်သူလူထုမှ ယင်းဥပဒေနှင့် ပတ်သက်၍ အကြံပြုစာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထား . . .

ထို့နောက် လွှတ်တော်တွင် ယင်းဥပဒေကြမ်းအား ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြု ခဲ့ကြောင်း သိရသည်။

ယင်းဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်နေ့ စွဲဖြင့် ပြည် သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ရာ ဆွေးနွေးမှုများ ပြုလုပ်၍ နိုင်ငံတော်မှ အချိန်၊ ငွေကြေးကုန်ကျမှုနှင့် အခြား အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မလိုလားအပ်သော ပြဿနာ များ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ်တော် တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အချေအတင် ဆွေးနွေးခဲ့ကြ၍ ဥပဒေကြမ်းအား ဆိုင်းငံ့ရန် အတည်ပြု ခဲ့ပြီးနောက် ယခုကဲ့သို့ ဆက် လက်ဆွေးနွေး ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင်သို့ တိုင်ကြားထားသည့် အမှုလေးမှုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျား လိတ်ဟိုတယ်တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment