Wednesday 8 May 2013

KIA အထူးတပ်ရင်းဖွဲ့စည်းရန်ပြင်ဆင်

KIA ဌာနချုပ်တွင် အထူးတပ်ဖွဲ့ ဖွဲ့စည်းရန် အတွက် လိုင်ဇာဌာနချုပ်မှ လက်အောက်တပ်ရင်းများသို့ ညွှန်ကြား ချက်များထုတ်ပြန်ကာ တပ်ဖွဲ့များကိုစုဆောင်းမည် ဖြစ်ကြောင်းသိရှိရပါသည်။ ညွှန်ကြားချက်ထဲတွင် အထူး လုံခြုံရေးတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်း ရန်အတွက် ၅ တန်း အထိပညာတတ်သူ၊ စွန့်လွှတ်အသေခံပေးဆပ်ရဲသူ၊ လူပျို၊ အသက်၂၅နှစ်ထက်မကျော်သူစသည့် အချက် တွေပါဝင်ကြောင်း၊ မေလ(၂၅)ရက်နေ့ အရောက်စေ လွှတ်ပေးဖို့ ညွှန်ကြားထားကြောင်း ဌာနချုပ်မှ အရာရှိတစ်ဦး၏ပြောပြ ချက် အရသိရှိရပါသည်။


KIAတပ်များအနေနဲ့ ကချင်ပြည်နယ်ကောင်းစားဖို့၊ တိုးတက်ဖို့ဆိုသည့် အကြောင်းပြချက်များနှင့် ဖွဲ့စည်းဖြစ် ပေါ်လာတာဖြစ် သော်လည်း KIA တပ်များ ကြောင့် ကချင်ပြည်နယ်သားတွေ ဒုက္ခနဲ့ရင်ဆိုင်နေ ကြရပါသည်။ 

ကချင်ပြည်နယ်အတွင်းမှာ ဒေသခံများက လက်နက်ကိုင်တိုက်ပွဲဝင်နေသူ အားလုံးကို သဘောမကျကြောင်း၊ လက်အောက်ခံတပ်ဖွဲ့များကလည်း တိုက်ပွဲဝင်လို မှုမရှိဘဲ အေးဆေးစွာလုပ်ကိုင် စားသောက် လိုကြောင်း ၊ သေနတ်သံ၊ မိုင်းကွဲသံများချုပ်ငြိမ်းပြီး စီးပွားရေးကုမ္ပဏီ၊ စက်ရုံအလုပ် တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုလားကြောင်း၊ KIAခေါင်းဆောင်းပိုင်းအချို့က ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည်ဟု ဆိုသော် လည်း လက်နက် ကိုင်တိုက်ပွဲဝင်ဖို့ ပြင်ဆင်မှုများရှိနေကြောင်း ဌာနချုပ်မှ အင်ခွန်နော် က ပြောဆိုခဲ့ပါသည်။
From...ကချင်နေ့စဉ်သတင်း

No comments:

Post a Comment