Wednesday 8 May 2013

မြန်မာအစ္စလာမ်ဘာသာအဖွဲ့များက ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဆိုသည့်ေ ကြညာချက်ကိုလက်မခံနိုင်ကြောင်း ထုတ်ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ အကျဉ်းချခံထားရသူ တာလီဘန်ခေါင်းဆောင် ၏ မြန်မာနိုင်ငံ အပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမည်ဆိုသည့်ကြေညာချက်ကိုလက် မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၄)ဖွဲ့၏ လက်မှတ် ထိုးဖြင့် ယမန်နေ့ကထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင်အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် နှင့် သာသနိကအဆောက်အဦးများ ၊ ဗလီဝတ်ကျောင်းတော်များ ပျက်စီးဆုံးရှုံးခဲ့မှု အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ စာနာ ထောက်ထား သူများကိုကျေးဇူးတင်ကြောင်းနှင့် ၊ ပြည်တွင်းရှိ ညီနောင်ဗုဒဘာသာဝင်များအပေါ်ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်မှုများကို လုံးဝလက်မခံကြောင်းဖေါ်ပြ ထားသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့(၄)ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု များကို နိုင်ငံတော် မှ ကမကထပြု၍ ပြန်လည်ပြုပြင်ပေးရန် ၊ လူသားချင်း စာနာသည့် အကူအညီများ အလျှင် အမြန်ပြုလုပ်ပေးရန် ၊ အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပေါ်လာစေရန်အတွက် အကြမ်းဖက်သူ များအား ဖမ်းဆည်းအရေးယူရန် ၊ နောက်ကွယ်မှ ကြိုးကိုင် သူများအား ဖေါ်ထုတ် အရေးယူ ရန် တောင်း ဆိုထားသည့်အချက်များအပါအ၀င် အချက်(၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ သည်။

" အဲဒီကြေညာချက်ထုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ ဘယ်လိုမှမပတ်သတ်ဘူးဆိုတာကို အာဏာပိုင်တွေရော ဗုဒ ဘာသာဝင်တွေရော သိစေချင်ပါတယ် ၊ ကျနော်တို့တွေ အကြိမ်ကြိမ်ခံစားနေရ သလို ကျနော်တို့ကို အကာအကွယ်ပေးတဲ့ ထဲမှာ ဗုဒဘာသာဆရာတော်ကြီးတွေလဲပါဝင်ပါတယ် " ဟု ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာသည့်အကူအညီများကို အလျှင်အမြန်လုပ်ပေးသွားမည် ဟုမျှော်လင့်ကြောင်း ၊ နောက်နောင် အကြမ်းဖက်မှုများမဖြစ်ပွားလာရန်အတွက် နိုင်ငံတော်မှ အကာ အကွယ်များ ပေးသွားရန် လိုအပ်ကြောင်းကို တစ်ဆက်တည်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမတ္တဦးသိန်းစိန်၏ မေလ(၆)ရက်နေ့ကပြောကြားခဲ့သောမိန့်ခွန်းတွင် လက်ရှိ ကြုံတွေ့နေ ရသော ပြသနာများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အပစ်တင်ခြင်းများကို ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကြ သည့်နည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရန် အချိန်ကြပြီဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်းတွင် မထ္တီလာ ၊ ပဲခူးအရှေ့ ဖက်ခြမ်း ဒေသများ ၊ ဥက္ကံ မြို့များတွင် အရေးအခင်းများ ရက်ပိုင်းဆက်တိုက်ပေါ်ပေါက်ခဲ့ကာ အရေးပေါ် အခြေအနေများ ကြေညာခဲ့သည်အထိ ရောက်ခဲ့ရပြီ လူသေဆုံးမှုများရှိခဲ့ကြောင်း မီဒီယာများကဖေါ်ပြ ခဲ့ကြသည်။

မင်းမင်းလတ်- မန္တလေး (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment