Wednesday 8 May 2013

လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ

Photo: လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ 
Wednesday,May08,2013

မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်းလွတ်ခွင့် ပြုလိုက် ပါတယ်။ 

လွန်ခဲ့တဲ့ မေလ ၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါ တယ်။ 

ဝန်ကြီး ဦးဝင်းရှိန်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့  ပူပူနွေးနွေး ဥက္ကဌတာဝန်ယူထားသူ လည်း ဖြစ်ပါတယ်။ 

အခုလို ကုန်သွယ်လုပ်ငန်း အခွန် ကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေ အမှန်တကယ် အကျိုးရှိလာမလား၊ နိုင်ငံတော် အတွက် အကျိုး ရှိလာမလား၊ ဒါမှ မဟုတ် လုပ်ယာ လုပ်ငန်းရှင်ကြီးတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ခရိုနီကြီးတွေ အကျိုးရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 
ဧရာဝတီ blog
မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်းလွတ်ခွင့် ပြုလိုက် ပါတယ်။
လွန်ခဲ့တဲ့ မေလ ၂ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

ဝန်ကြီး ဦးဝင်းရှိန်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့ ပူပူနွေးနွေး ဥက္ကဌတာဝန်ယူထားသူ လည်း ဖြစ်ပါ တယ်။

အခုလို ကုန်သွယ်လုပ်ငန်း အခွန် ကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေ အမှန်တကယ် အကျိုးရှိလာမလား၊ နိုင်ငံတော် အတွက် အကျိုး ရှိလာမလား၊ ဒါမှ မဟုတ် လုပ်ယာ လုပ်ငန်းရှင်ကြီးတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ခရိုနီကြီးတွေ အကျိုးရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ blog

No comments:

Post a Comment