Wednesday 8 May 2013

မိုးသည်းထန်စွာရွာသွန်းစဉ် သစ်ပင်ပိမိ၍ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

၆-၅-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ၊ ပေါင်းလောင်းရွှေတော ၊ ရွှေလီလုပ်ကွက်အောက်လျှိုတွင် မိုးသည်းထန်စွာရွာသွန်းစဉ် လျှိုထိပ်မှ လုံးပတ်(၁)ပေ (၆)လက်မ ခန့်ရှိ သစ်ပင်သည် အမြစ်မှကျွတ်ပြီး လျှိုအောက်သို့လဲပြိုကျခဲ့ရာ လျှိုအတွင်း၌ ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်ရွာနေ ရွှေတွင်းတူးလုပ်သား မျိုးဆွေဝင်း(၃၆)နှစ်ပါ(၂)ဦးမှာ သစ်ပင်ပိမိ၍ ၀ဲရင်အုံပေါက်ပြဲ၊ နံရိုးကျိုး၊ ဦးခေါင်းထိပ်ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ အသီးသီးရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည်။ ၎င်းင်းအပြင် မနန်းငုဝါအောင်(၂၀)နှစ်ပါ(၂)ဦးတွင် ယာပေါင်နာကျင် ၊ ယာပါးပွန်းပဲ့၊ ၀ဲခြေမျက်စိပေါက်ပြဲ၊ သွားကျိုး၊ ၀ဲပေါင်ပွန်းပဲ့၊ ခါး/နောက်ကျောဖူးရောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များအား ရမည်းသင်းဆေးရုံသို့ ပို့အပ်ခဲ့ပြီး တူးကုန်း ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၃)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

  From > ရဲဇာနည်

No comments:

Post a Comment