Wednesday 8 May 2013

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံး သို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။
ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အမှုအားစစ်ဆေးခွင့်ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ် သူ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်းစားဖြစ်ခဲ့ကြပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်အား လက်ထပ်ပါမည်ဟု ယုံ ကြည်အောင် ပြောဆိုကာ ကာမရယူခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့ကြောင်း ကလေး၏အသက် ၁ နှစ်နှင့် ခြောက်လ အရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ထို့ကြောင့် ပြင်ဦးလွင်မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ထံ တိုင် ကြားခဲ့ပြီး ဦးကျော်သီဟနေထိုင်သည့် ရပ်ကွက်မှ လူကြီးများမှညှိနှိုင်းပေးသဖြင့် မယားစရိတ်၊ ကလေးစရိတ်အဖြစ် ငွေကျပ်လေးသိန်းအား ပေးချေခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့ မှု မပြုလုပ်တော့ကြောင်း အဆိုလွှာတွင် ပါရှိသည်။

ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်တို့မိသားစုမှာ စား ဝတ်နေရေးခက်ခဲနေသဖြင့် ကလေးအား သားအဖြစ် လက်ခံထောက်ပံ့ကူညီရန်အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦးက ပြော သည်။

ဦးကျော်သီဟကမူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်အား သမီးရည်း စား ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ထပ်ပေါင်းသင်းပါ မည်ဟု ယုံကြည်အောင်ပြောဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်း ဆိုထားပြီး အမျိုးသမီးရေးရာ အဖွဲ့နှင့် လူကြီးများရှေ့တွင်ညှိနှိုင်း၍ မယား စရိတ် ကလေးစရိတ်အဖြစ်ငွေကျပ်လေး သိန်းပေးခဲ့သည်မှာ လည်း မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

''ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လာမှ ဒါတွေက ဖြစ်တာတာပါ။ ကျွန်တော့်ကို မနာလိုတဲ့ သူတွေကလုပ်ကြတာ။ ကျွန်တော်ကတော့ ခေါင်းထဲမှာ ဒီကိစ္စ သိပ်မရှိပါဘူး။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာပါ'' ဟု ဦး ကျော်သီဟ က ပြောသည်။

လက်ရှိတွင် အမှုအား ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး မှုများ လုပ်ဆောင်နေပြီး မေလ ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေးဖို့ ရှိ ကြောင်း ကလေးငယ်၏ ရှေ့နေ ဦးအေး သောင်းက ပြောသည်။

ဦးကျော်သီဟသည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင် ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment