Wednesday 8 May 2013

မယား ထမ်း ပြေးပွဲ

Photo: မယားထမ်း ပြေးပွဲ
Wednesday,May08,2013

မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။

အားကစား ဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်း ရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီး လည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက် ရှိရ မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါတယ်။

သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင်လမ်း တို့ ပါဝင်ပြီး ပင်ပင် ပန်းပန်းပြေး လွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့ အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ချီးမြင့်တဲ့ ဆုကလည်း ထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့ အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့် ရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြားဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ မှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။
---
Ref:unsuafact
ရိုးရာလေး ဗဟုသုတ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြုလုပ်တဲ့ နိုင်ငံကတော့ ဥရောပ တိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေ သ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။ အားကစားဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်းရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီးလည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက်ရှိရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါ တယ်။

သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင် လမ်းတို့ပါဝင်ပြီး ပင်ပင်ပန်းပန်းပြေးလွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာချီးမြင့်တဲ့ ဆုကလည်းထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့်ရှိတဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြား ဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။

Ref:unsuafact
ရိုးရာလေး ဗဟုသုတ

No comments:

Post a Comment