Tuesday 7 May 2013

တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ

တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ
Tuesday,May 07,2013

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာ အကြောင်း တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီတို့က သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်မှာ တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက သမ္မတ ဦးသိန်းစိန်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာအကြောင်းတွေကို ပါတီတစ်ခုချင်းအလိုက် ၅ မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ရေဒီယို သြစတေးလျ သတင်းဌာနကို အခုလို ပြောပြပါတယ်။

 “၁၈ ပါတီဆိုတော့ ၁၈ မျိုးပေါ့၊ တိုင်းရင်းသား နယ်မြေတွေမှာ အေးချမ်းမှု မရှိတာတွေ တင်ပြတာပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ သူတို့ နယ်မြေတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့၊ အခု လက်ရှိ တိုက်ပွဲတွေ အဓိက ရှင်းပြတာပေါ့၊ ပြည်နယ် တစ်ချို့ကလည်း ပြောတယ် သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချူပ်ရေးရ ဒေသတွေက အမတော်ကြေးရတယ်ပေါ့၊ နောက်ပြီးတော့ ရေခမ်းခြောက်ကုန်ပြီး ဆည်တွေ များများ ဆောက်ပေးဖို့  အဲ့ဒါတွေတော့ ပါတာပေါ့ဗျား။”  

သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတာတွေကို အမြန်ဆုံးရပ်စဲအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ထွန်းဦးက ဆက်ပြောပြပါတယ်။

“တင်ပြတာအားလုံးတော့ သူကတော့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ တိုက်ပွဲတွေ ဘာတွေဖြစ်တာ သူက ရပ်စဲအောင်တော့ သူအမြန်ဆုံး လုပ်ပေးမယ်လို့ သူပြောတာပဲ။ ဘယ်တော့လုပ်မလဲတော့ မသိဘူး၊ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ တချို့မှာ မြို့နယ်မှာ အားနည်းချက် ရှိတာတွေပေါ့၊ တိုင်းရင်းသား ကိစ္စကလည်း မပြီးဘူးဖြစ်နေတာကိုး၊”

ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ သိရတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေ နဲ့ နိုင်ငံရေးပါတီတွေ ကို နေပြည်တော် မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာအကြောင်း တွေကိုဆွေးနွေးခဲ့ကြ တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီတို့က သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်မှာ တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက သမ္မတ ဦးသိန်းစိန်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာအကြောင်းတွေကို ပါတီတစ်ခုချင်းအလိုက် ၅ မိနစ်စီ တင်ပြဆွေးနွေး ခဲ့ကြ တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ရေဒီယို သြစတေးလျ သတင်းဌာနကို အခုလို ပြောပြပါတယ်။

“၁၈ ပါတီဆိုတော့ ၁၈ မျိုးပေါ့၊ တိုင်းရင်းသား နယ်မြေတွေမှာ အေးချမ်းမှုမရှိတာတွေ တင်ပြတာပေါ့ ၊ တွေ့ဆုံဆွေးနွေးဖို့ သူတို့ နယ်မြေတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့၊ အခု လက်ရှိ တိုက်ပွဲတွေ အဓိကရှင်းပြ တာပေါ့၊ ပြည်နယ် တစ်ချို့ကလည်း ပြောတယ် သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင် အုပ်ချူပ်ရေး ရ ဒေသတွေ က အမတော်ကြေးရတယ်ပေါ့၊ နောက်ပြီးတော့ ရေခမ်းခြောက်ကုန်ပြီး ဆည်တွေ များများ ဆောက်ပေးဖို့ အဲ့ဒါတွေတော့ ပါတာပေါ့ဗျား။”

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေ တာတွေကို အမြန်ဆုံးရပ်စဲအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ထွန်းဦးက ဆက်ပြောပြ ပါတယ်။

“တင်ပြတာအားလုံးတော့ သူကတော့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ တိုက်ပွဲတွေ ဘာတွေဖြစ်တာ သူက ရပ်စဲအောင်တော့ သူအမြန်ဆုံး လုပ်ပေးမယ်လို့ သူပြောတာပဲ။ ဘယ်တော့လုပ်မလဲတော့ မသိဘူး၊ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ တချို့မှာ မြို့နယ်မှာ အားနည်းချက် ရှိတာတွေပေါ့၊ တိုင်းရင်းသား ကိစ္စကလည်း မပြီးဘူးဖြစ်နေတာကိုး၊”

ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ သိရတဲ့ အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia


No comments:

Post a Comment