Tuesday 7 May 2013

ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

Photo: ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်
Tuesday, May 07 ,2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။

၎င်းက “ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံးတပြိုင်ထဲ
ဆောက်ခိုင်းမလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော်တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါက ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။ 
mizzima burmese

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။ ၎င်းက “ရန်ကုန်မှာ ရှိသမျှကားနဲ့ ရထားဆုံတဲ့ နေရာတွေမှာ ကားလမ်းကူး ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ လက်ရှိထပ်ဆောက်မဲ့ သုံးလုံးကတော့ အစိုးရအဖွဲ့က သုံးလုံးတပြိုင်ထဲ
ဆောက်ခိုင်းမလား ဘယ်နေရာကို ဦးစားပေးပြီး ဆောက်မယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။

ထိုသို့ တည်ဆောက်ရာတွင် တနှစ်လျှင် ကားလမ်းကူး ခုံးကျော်တံတား ၃စင်း တည်ဆောက်သွား မည် ဖြစ်ပြီး လက်ရှိဆောက်လုပ်မည့် ခုံးကျော် တံတား ၃စင်းမှာ ပါရမီ ၂ ကားလမ်းကူး ခုံးကျော်တံတား (အုတ်ကျင်း- သမိုင်း)၊ ခရေပင်ကားလမ်းကူး တံတား(မင်္ဂလာဒုံဈေးဘူတာ)၊ သစ္စာ ကားလမ်းကူး ခုံးကျော်တံတား (ကန်ဘဲ့-ဘောက်ထော်) တို့ဖြစ်သည်။

ကားလမ်းကူး ခုံးကျော်တံတား သုံးစင်း တည်ဆောက်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ဆောက်လုပ် ဖြစ်ပါက ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ တစင်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ နှစ်စင်းတို့ တာဝန်ယူ ဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကားလမ်းကူး ခုံးကျော်တံတား ၂၄စင်းရှိပြီး နောက်ထပ်သုံးစင်း ထပ်မံဆောက်လုပ်ပါက ကားလမ်းကူး ခုံးကျော်တံတား ၂၇စင်းအထိ ရှိလာမည် ဖြစ်သည်။

ထို့ပြင် လူကူးခုံးကျော် တံတားများကိုလဲ အသစ်ထပ်မံ ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။
mizzima burmese

No comments:

Post a Comment