Tuesday 7 May 2013

သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်

Photo: သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်
Tuesday, May 07 ,2013

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 

မြန်မာသမ္မတ ဦးသိန်းစိန်မှာ အမေရိကန်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ မေလ ၁၉ ရက်နေ့ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ ဦးသိန်းစိန်၏ ယခု အမေရိကခရီးစဉ်မှာ အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦး အနေဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ပြန်လည်သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။ 

“သမ္မတအိုဘားမားနဲ့ တွေ့ပြီးရင် အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုပါ အမေရိက ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ 

ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်သည့် အမေရိကန်သမ္မတနှင့် ကာလတိုအတွင်း နှစ်ကြိမ် သီးသန့် တွေ့ဆုံနိုင်ခြင်းမှာ ထူးခြားကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ အကြား ဒီမိုကရေစီမိတ်ဖက်အဖြစ် ဖော်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

KhitLuNge

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာ သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာသမ္မတ ဦးသိန်းစိန်မှာ အမေရိကန်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု သို့ မေလ ၁၉ ရက်နေ့ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် သမ္မတအိုဘားမားနှင့် တွေ့ ဆုံမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ ဦးသိန်းစိန်၏ ယခု အမေရိကခရီးစဉ်မှာ အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ အမြင့် ဆုံး ခေါင်းဆောင် တစ်ဦး အနေဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ပြန်လည်သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။

“သမ္မတအိုဘားမားနဲ့ တွေ့ပြီးရင် အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုပါ အမေရိက ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်သည့် အမေရိကန်သမ္မတနှင့် ကာလတို အတွင်း နှစ်ကြိမ် သီးသန့် တွေ့ဆုံနိုင်ခြင်းမှာ ထူးခြားကြောင်း အမေရိကန် ပြည်ထောင် စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့အကြား ဒီမိုကရေစီမိတ်ဖက် အဖြစ်ဖော်ဆောင်ခြင်း   ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

KhitLuNge


No comments:

Post a Comment