Tuesday 7 May 2013

၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ် ရောင်း ချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမ အကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင် တွင် ရောင်း ချနိုင် မည်ဟု မျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအတည်ပြုသည်။ ယင်းကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ဖုန်းလိုင်း မမိသည့် နေရာများနေသဖြင့် GSM ဖုန်းများကိုသာ အမြန်ဆုံး ရောင်းချပေးစေလိုကြောင်း မန္တလေးတိုင်းဒေသ ကြီး ညောင်ဦးမြို့ နယ်နေ ဒေသခံ တစ်ဦးက ပြောကြားသည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တပ်ဆင်သည့် CDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းကတ် သုံးသိန်းငါးသောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် မဲဖောက်ရောင်းချပေး ခဲ့သော် လည်း ပြင်ပဈေး ကွက်တွင် ယင်းဖုန်းလိုင်း ကတ်များမှာ နေရာကိုလိုက်၍ ကျပ်သုံးသောင်းဝန်းကျင်မှ ကျပ်ခြောက်သောင်း ဝန်းကျင် အထိ ဈေးမြင့် တက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် The Voice Daily သတင်း စာတွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment