Sunday 5 May 2013

တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ

Photo: တောင်ကိုရီးယား နိုင်ငံသည် Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ဝယ်ယူရန် အမေရိကန် နိုင်ငံထံမှ အတည်ပြုချက် ရရှိ
05 May 2013

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော
အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ များက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။ တောင်ကိုရီးယား နိုင်ငံသည် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ ဝယ်ယူ ခွင့်ကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အဆိုပြု ထားခဲ့သော်လည်း အမေရိကန် လွှတ်တော်၏ အတည်ပြုမှု မရရှိခဲ့ခြင်း ကြောင့် နှောင့်နှေး ခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဝမ် ၄၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ဝ၈ သန်း)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် လေးစင်းကို ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားရန် ကနဦး ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ အင်ဂျင် တစ်လုံးတပ် Global Hawk မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ကီလိုမီတာ အမြင့်မှ ပျံသန်းနိုင်စွမ်း ရှိပြီး နာရီပေါင်း ၃၆ နာရီကြာ အကွာအဝေး အားဖြင့် ၃ဝဝဝ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်း နိုင်သောကြောင့် ၎င်း အကွာအဝေးသည် မြောက်ကို ရီးယား တစ်နိုင်ငံလုံး အပြင် တရုတ်နှင့် အခြား အိမ်နီးချင်း နိုင်ငံများကိုလည်း ရောက်ရှိ ပျံသန်းနိုင်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံသည် တောင်ကိုရီးယားသို့ Global Hawk မောင်းသူမဲ့ ကင်းထောက် လေယာဉ် များ ရောင်းချပေးရန် လွှတ်တော်မှ အတည်ပြု ပေးခဲ့ပြီးနောက် တောင်ကိုရီးယားသို့ လက်ခံသော အကြောင်း ကြားစာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက မေ ၂ ရက်တွင် ပြောကြားခဲ့ သည်။
 တောင်ကိုရီးယား နိုင်ငံသည် အဆိုပါမောင်းသူမဲ့ လေယာဉ်များ ဝယ်ယူခွင့်ကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ကတည်းက အဆိုပြုထားခဲ့သော်လည်း အမေရိကန်လွှတ်တော်၏ အတည်ပြုမှုမရရှိခဲ့ခြင်း ကြောင့်   နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ဝမ် ၄၅ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ဝ၈ သန်း)တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် လေးစင်းကို ၂ဝ၁၅ ခုနှစ်တွင် တပ်ဖြန့် ချထားရန် ကနဦး ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ 
 
အင်ဂျင် တစ်လုံးတပ် Global Hawk မောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ကီလိုမီတာ အမြင့်မှ ပျံသန်းနိုင်စွမ်းရှိပြီး နာရီပေါင်း ၃၆ နာရီကြာ အကွာအဝေးအားဖြင့် ၃ဝဝဝ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်း နိုင်သောကြောင့် ၎င်းအကွာအဝေးသည် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအပြင် တရုတ်နှင့် အခြားအိမ်နီးချင်း နိုင်ငံများကိုလည်း ရောက်ရှိ ပျံသန်းနိုင်ကြောင်းသိရသည်။
  
Myawady News

No comments:

Post a Comment