Sunday 5 May 2013

KIA လက်ဖြောင့် စစ်သမီးများ လက်နက်ချ အလင်းဝင်ရောက်

 KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ကြီးများသည် အစိုးရ၏ အပစ်အခက်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားစေရန် ဆောင်ရွက်လျှက် ရှိသောကြောင့် KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲ မှုများ ဖြစ်ပေါ် လျက်ရှိသည်။
KIA အဖွဲ့တွင် မတရားလူသစ်စုဆောင်း ခံထားရသူများသာ များပြားသဖြင့် မြန်မာ့မျိုးချစ်တပ်မတော်မှ စနစ်တကျ ထိုးစစ်ဆင်ချိန်တွင် အကျအဆုံးများပြားခဲ့ရခြင်းဖြစ်ပြီး KIA တပ်သား သစ်များ၏ဘ၀မှာ ရှေ့မှာ ရန်သူ နောက်မှာ ကျည်ဆန်ကဲ့သို့ ဖြစ်နေသည်။

တိုက်ပွဲတွင်နေပါက သေမှာဖြစ်ပြီး ဆုတ်ခွါ ထွက်ပြေးပါကလည်း သေဒဏ် ပေးခံရမှာ ဖြစ်သည်။ ထို့ကြောင့် KIA လူသစ်များသည် KIA အဖွဲ့မှ ထွက်ပြေး နိုင်ပါက အသက် ရှင်နိုင်ခွင့်ရသေးသည်ဟု ခံယူချက်ဖြင့် အခွင့်သာသည်နှင့် ထွက်ပြေးကြပြီး အစိုးရတပ်များထံ အလင်းဝင် ရောက်လာခဲ့သည်။

ဇန်နဝါရီလ(၂၁) ရက် နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့ ၊ တပ်မဟာ(၁)မှ လက်ဖြောင့် စစ်သမီး(၇)ဦး သည် မြန်မာ့မျိုးချစ်တပ်မတော်၊ လဂျားယန်ပွိုင့်ကုန်း စခန်းသို့  လက်နက်ချ အလင်း ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်လာသူများမှာ မဘောက်ထော်၊ အသက် (၂၀) နှစ်၊ မအယ်မွန်း အသက်(၂၀)နှစ်၊ မကော့မိုင် အသက်(၂၄)နှစ်၊ မအယ်ဘောက် အသက်(၂၄ )နှစ်၊ မအမ်ဆိုင်းဇူ အသက်(၂၅)နှစ်၊ မဇက်အယ်ဆောက် အသက်(၂၆)နှစ်၊ မအယ်ဂျီထူး အသက်(၂၈)နှစ်တို့ ဖြစ်သည်။

KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်များသည် လက်အောက်အဖွဲ့များအား ရက်စက်စွာ ပြစ်ဒဏ်   ပေးခြင်း စသော အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ပြီး အလင်းဝင်ရောက်လာသူအများစုမှာ လူမျိုးရေး ခွဲခြား ဆက်ဆံခံရမှုကြောင့်သော်လည်းကောင်း၊ အဖျက်လုပ်ငန်းများကြောင့် ကချင်လူမျိုးများ အတိ ဒုက္ခရောက်   နေခြင်း စသော အချက်များကြောင့် အကြမ်းဖက်လုပ်ငန်းများအား စွန့်လွှတ်ပြီး အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရ ပါသည်။
 
Myawady News

No comments:

Post a Comment