Sunday 5 May 2013

အစိုးရ ဓမ္မာစရိယ နှင့် အစိုးရ ပါဋိပထမပြန် စာမေးပွဲကျင်းပ

အစိုးရ ဓမ္မာစရိယ နှင့် အစိုးရပါဋိပထမပြန် စာမေးပွဲကို မြစ်ကြီးနားစာစစ်ဌာနတွင် မေလ ၂ ရက် မွန်းတည် ၁၂ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော် သြ၀ါဒစရိယ ဓမ္မရက္ခိတ ၀န်းသိုကျောင်း တိုက်ကြီး ၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သီလ၀ံသ နှင့် စာမေးပွဲ ကြီးကြပ်ရေး သြ၀ါဒါ စရိယ ဆရာတော်ကြီးများ ကြွရောက်ကာ စာဖြေသံဃာတော် ၆၂ ပါး နှင့် သီလရှင် ၃ ပါးတို့က ပထမနေ့ တွင် ပါရာဇိကဏ် ဘာသာရပ် ကို ကြွရောက် ဖြေဆို ကြကြောင်း သိရသည်။

အဆိုပါ ဓမ္မာ စရိယ စာမေးပွဲ ကို မေလ ၂ ရက်နေ့ မှ မေလ ၁၀ ရက်နေ့ အထိ မြစ်ကြီးနား နှင့် ဗန်းမော် စာစစ်ဌာန တို့၌ လည်းကောင်း ၊ အစိုးရ ပါဋိ ပထမပြန် စာမေးပွဲကို မေလ ၈ ရက်နေ့မှ ၁၄ ရက်နေ့ အထိ လည်းကောင်း ကျင်းပ ပြုလုပ်သွားမည်ဖစ်ပြီး ကချင်ပြည်နယ်အတွင်း စာစစ်ဌာန ၈ ခု ဖွင့်လှစ်ကာ စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
Myawady News

No comments:

Post a Comment