Sunday 5 May 2013

ဒုက္ခသည်များ မိုးမကျမီ အမိုးအကာ အောက်ရောက်ရှိရေး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မေ ၂ ရက်ညနေ ၄ နာရီခွဲက စစ်တွေမြို့ရှိ ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ် တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် မှု အကောင်အထည် ဖော်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ အလိုက် ကွင်းဆင်း ဆောင်ရွက်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ ဒုက္ခသည်များအားလုံး မိုးမကျမီ အမိုး အကာအောက် ရောက်ရှိ ရန် လိုအပ်ပါကြောင်း၊ စစ်တွေမြို့တွင် စခန်းတွဲ တဲတန်းလျားများအား ကုမ္ပဏီများကို တာဝန်ပေး၍ ဆောက်လုပ်နေဆဲ ဖြစ်ပါကြောင်း၊ ကျန်မြို့နယ်များ အတွက်လည်း ဆောင်ရွက် သွားရန် ပြင် ဆင် ထားပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် များကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြား သည်

Read more>> http://bit.ly/11LjqaI
Myawady News

No comments:

Post a Comment