Sunday 5 May 2013

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံအချို့ ပြင်ဆင်ရန် ကျန်ရှိနေ

Photo: ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံအချို့ ပြင်ဆင်ရန် ကျန်ရှိနေ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရွှေဘိုငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်းအဆောက်အအုံ အချို့မှာ ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံများအနက် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်းနှင့် စေတီပုထိုး အချို့တွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

"ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်အဦးတွေ အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ မယ်နုအုတ်ကျောင်းကိုလည်း ပြုပြင်ထိန်းသိမ်းမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ စေတီနှစ်ဆူကိုလည်း ပြန်လည်ထီးတင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်" ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ အချို့မှာ သက်တမ်းကြာမြင့်လာပြီး ခိုင်ခံ့မှုမှာ တဖြေးဖြေး အားနည်းလာနေပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်သည့် ဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် အခြားရှေးဟောင်း အဆောက်အအုံအချို့တို့မှာ နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်အထိ ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ နေရာများဖြစ်သည့် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးဘုရား စသည့်နေရာများသို့ လာရောက်လည်ပတ် ကြသူများအား တက်ရောက်လေ့လာရာတွင် ကြံ့ခိုင်သည့်နေရာမှသာ လေ့လာကြရန် သတိပေးစာများကို ယခုအချိန်အထိ ထုတ်ပြန်ကြေညာထားဆဲလည်း ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ရသည့် နန်းမတော်မယ်နု၏ အုတ်ကျောင်းတော်ကိုလည်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိပြီး အခြားစေတီ ပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိသည်။ နန်းမြင့်မျှော်စင်မှာ ပြန်လည်ဖွင့်လှစ် ပေးထားသော်လည်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် ကျန်ရှိနေသေးကြောင်း သိရသည်။

(ဓာတ်ပုံ - မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့မြင်ရစဉ်)
(ဓာတ်ပုံ - မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့မြင်ရစဉ်)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ရွှေဘိုငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ သည့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်းအဆောက်အအုံအချို့မှာ ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေး   ကြောင်း စုံစမ်း သိရသည်။ ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှ ရှေးဟောင်း အဆောက်အအုံများအနက် နန်းမြင့်မျှော်စင်၊ မယ်နု အုတ်ကျောင်းနှင့် စေတီပုထိုး အချို့တွင် ထိခိုက်မှုများ ရှိခဲ့ကြောင်းသိရသည်။

"ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်အဦးတွေ အနည်းငယ်ထိခိုက်မှုတွေ ရှိခဲ့ပါ တယ်။ 
 
မယ်နုအုတ်ကျောင်းကိုလည်း ပြုပြင်ထိန်းသိမ်းမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ စေတီနှစ်ဆူကိုလည်း   ပြန်လည် ထီးတင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်" ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ အချို့မှာ သက်တမ်းကြာမြင့်လာပြီး ခိုင်ခံ့မှုမှာ တဖြေးဖြေး အားနည်းလာနေပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်သည့် ဗားကရာကျောင်း၊ မယ်နု အုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် အခြားရှေးဟောင်း အဆောက်အအုံအချို့တို့မှာ နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်အထိ ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်း အဆောက် အအုံ နေရာများဖြစ်သည့် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးဘုရား စသည့်နေရာများသို့ လာရောက်လည်ပတ် ကြသူများအား တက်ရောက်လေ့လာရာတွင် ကြံ့ခိုင်သည့်နေရာမှသာ လေ့လာကြရန် သတိပေးစာများကို ယခုအချိန်အထိ ထုတ်ပြန်ကြေညာထားဆဲလည်း ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် အနည်းငယ် ပျက်စီးသွားခဲ့ရသည့် နန်းမတော်မယ်နု၏ အုတ်ကျောင်းတော်ကိုလည်း ပြန် လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိပြီး အခြားစေတီ ပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိသည်။ နန်းမြင့်မျှော်စင်မှာ ပြန်လည်ဖွင့်လှစ်ပေးထားသော်လည်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန် အတွက် ကျန်ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment