Sunday 5 May 2013

မန်းသို့အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သူအား ဖေါ်ထုတ်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်ရပ်နေ ကို---(၂၅) နှစ်သည် တစ်ရပ်ကွက်တည်းနေ မ---(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအားမေ၁ရက်က မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။
မန္တလေးမြို့သို့မရောက်ဘဲ မုံရွာမြို့၊ မုံရွာဈေးလမ်းရှိ ရွှေမန်းဟိုတယ်သို့ ရောက်ရှိတည်းခိုကာ အခန်းတံခါး အား ကို------မှ သော့ခတ်ပိတ်ထားခဲ့ပြီး ဟုမ္မလင်းမြို့သို့ ဆက်လက်ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ပြော ဆိုသောကြောင့် မ-----မှ မိခင်ဖြစ်သူ ထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

မေ၂ရက်နေ့ ညနေ ၄ နာရီ ၃၅ တွင် မိခင်ဖြစ်သူကလက်မှတ်ကုန်း ရဲစခန်းသို့ လာရောက် အကြောင်းကြား သဖြင့် လက်မှတ်ကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး လူကုန်ကူးအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မုံရွာအမှတ်(၂)ရဲစခန်းမှ တပ်ဖွဲ့ဝင်များထံ ကူညီဆောင်ရွက်ပေးရန် ဆက်လက် အကြောင်းကြားခဲ့သည်။

မုံရွာအမှတ် (၂) ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မုံရွာမြို့၊ ရွှေမန်းဟိုတယ်တွင် တည်းခိုနေထိုင်သူ ကို---နှင့် (၄)ဦးအား ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းခဲ့ပြီး မ-----ပါ(၄)ဦးအား ၎င်းတို့၏မိဘများထံ ပြန်လည်အပ်နှံခဲ့သဖြင့် မုံရွာမြို့သို့ ပြန်လည်လိုက်ပါသွားကြောင်းနှင့် ကို-------အား လက်မှတ်ကုန်း ရဲစခန်း(ပ) ၂၇/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂/၄၁၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။

No comments:

Post a Comment