ဂျပန်
နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ်
အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉
စီးအား
တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄
ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ
လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား
ပြည်နယ်ရှိ Langley-Eustis ပူးတွဲ
လေတပ်အခြေစိုက်စခန်းတွင် မူလကတပ်ဖြန့်ချထားခဲ့ကြောင်း ၎င်းသတင်းဌာနက ထုတ်ပြန်
ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki
စီရင်စုရှိ လေတပ် အခြေစိုက်စခန်းတွင် ၅ ရက်ကြာ ပူးတွဲစစ်ရေး
လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေး တပ်ဖွဲ့သည်
အိုကီနာဝါစီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန်နိုင်ငံနှင့်
ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း
ဒေသခံများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် ဖျက်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။
မြ၀တီ
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ်အခြေစိုက်စခန်းတွင် မူလကတပ်ဖြန့်ချထားခဲ့ကြောင်း ၎င်းသတင်းဌာနက ထုတ်ပြန် ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki စီရင်စုရှိ လေတပ် အခြေစိုက်စခန်းတွင် ၅ ရက်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါစီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန်နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း ဒေသခံများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် ဖျက်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment