ကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီးတစ်ဦး
ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရ သည်။
တောင်အာဖရိက နိုင်ငံတွင် သဘာဝသားရိုင်းဥယျာဉ်တစ်ခုသို့ သွားရောက်ခဲ့သည့်
ချန်တယ်လ် ဘေယာသည် ဒေသခံသားရိုင်း တိရစ္ဆာန် စောင့်ရှောက်သူ၏
အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး
ဓာတ်ပုံအရိုက်ခံခဲ့သည်။သူမသည် ဆာဖာရီဥယျာဉ်အတွင်း လှည့်လည်မောင်းနှင်သည့် ယာဉ်အတွင်းမှ အပြင်ထွက်ကာ ဓာတ်ပုံအရိုက်ခံခဲ့သည့်နောက် အဆိုပါအမှတ်တရ ဓာတ်ပုံကိုကောင်းမွန်စွာရရှိခဲ့သော်လည်း နောက်ဆက်တွဲဖြစ်ရပ်ကြောင့် ဆေးရုံပါရောက်သွား ရရှာခြင်း ဖြစ်သည်။ Bull Rhino အမျိုးအစား ကြံ့နက်ကြီးသည် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးပြီး စက္ကန့်ပိုင်း အတွင်း ချန်တယ်လ်ကို အရှိန်နှင့် ဝှေ့ပစ်လိုက်ခြင်း ဖြစ်သည်။
From : Planet Myanmar Network
No comments:
Post a Comment