Thursday 17 January 2013

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်


ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် သွားရန် အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု များသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံတမန် ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်နှင့် ရုရှား အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် အင်အားကြီး နိုင်ငံများနှင့် မြောက်ကိုရီးယား အစိုးရအား အရေးယူ နိုင်မည့် အစီအစဉ် များကို ဆွေးနွေး ပြောဆိုလျက် ရှိကြောင်း ဆိုးလ်မြို့၌ သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် လအတွင်းက တာဝေးပစ် ဒုံးပျံကို အသုံးပြု၍ ဂြိုလ်တုတစ်စင်းကို ပစ်လွှတ် ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံနှင့် ၎င်း၏ ရင်းနှီးသော မဟာမိတ် နိုင်ငံများကမူ အဆိုပါ လွှတ်တင် မှုသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသာ ဖြစ်သည်ဟု သံသယ ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4661-2013-01-17-15-24-41#.UPgMAe72ur0

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှုအတွက် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အမေရိကန်အစိုးရ၏ ကြိုး ပမ်း ဆောင်ရွက်မှုများသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံ တမန်ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။


အမေရိကန် ပြည်ထောင်စုအနေဖြင့် တရုတ်နှင့်ရုရှားအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်အင်အားကြီး နိုင်ငံ များနှင့် မြောက်ကိုရီးယား အစိုးရအားအရေးယူ နိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောဆိုလျက် ရှိကြောင်းဆိုးလ်မြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ပြီးခဲ့ သည့်လအတွင်းက တာဝေးပစ်ဒုံးပျံကို အသုံးပြု၍ ဂြိုလ်တုတစ်စင်းကို ပစ်လွှတ်ခဲ့ပါသည်။


အမေရိကန် နိုင်ငံနှင့် ၎င်း၏ရင်းနှီးသောမဟာမိတ် နိုင်ငံများကမူ အဆိုပါလွှတ်တင်မှုသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသာ ဖြစ်သည်ဟု သံသယ ရှိကြောင်း သိရှိ ရပါသည်။
မြ၀တီ


No comments:

Post a Comment