အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့် သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန်အတွက် အမေရိ ကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာအဖွဲ့သည် နီဗာဒါ အခြေစိုက် Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေးများ ပေးချေသွားမည် ဖြစ်ပြီး နည်းပညာဆိုင်ရာ သရုပ်ပြမှု တစ်ရပ် အဖြစ်အဆိုပါကုမ္ပဏီ၏ လေဖြည့်သွင်းနိုင်သည့် အာကာသယာဉ် (BEAM)ကို ကမ္ဘာပတ်လမ်းအတွင်းရှိ ဓာတ်ခွဲခန်းတွင်တပ်ဆင်သွားမည် ဖြစ်ကြောင်းသိရသည်။ အမေရိကန်အာကာသယာဉ်တီထွင်မှုတွင် အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသအတွင်း ဘေးအန္တရာယ်ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေထိုင်သွားလာနိုင်ရန်အတွက် အဆင့်မြင့်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချရန် အဆိုပါ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နာဆာအဖွဲ့ ဒုတိယအကြီးအကဲ လိုရီဂါဗာက ပြောကြားခဲ့သည်။
နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့် ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၆ ရက်တွင် မီဒီယာတစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။
BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင် အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။
မြ၀တီ
No comments:
Post a Comment