Thursday 17 January 2013

ဆီးဂိမ်းတွင် မြန်မာ့မြင်းဖြင့်သာ ပြိုင်ပွဲဝင်ရမည်

ဆီးဂိမ်းမြင်းစီး ပြိုင်ပွဲတွင် မြန်မာမြင်းများသာ အသုံးပြုရမည်ဖြစ်ကြောင်း မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငြိမ်းကျော် က ပြောသည်။ ”ဆီးဂိမ်းမှာ သူတို့နိုင်ငံက မြင်းတွေကို မယူလာခိုင်းဘဲ၊ ဒီနိုင်ငံက မြင်းတွေနဲ့ပဲ ပြိုင်သွားမှာပါ”ဟု ၄င်းက ပြောသည်။

”နိုင်ငံတကာမှ မြင်းများသည် အားသာချက် ရှိခြင်းကြောင့် တစ်ပြေးညီဖြစ်စေရန် မြန်မာနိုင်ငံမှ မြင်းများသာ အသုံးပြုရခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲ ၏ဝင်နိုင်ရန် လျာထားသည့် မြင်းများအား အပြည်ပြည်ဆိုင်ရာ မြင်းစီး အဖွဲ့ချုပ်မှလာရောက် စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးငြိမ်းကျော်က ပြောသည်။

”ပြိုင်ပွဲဝင်ဖို့ ပဏာမပဲ ရွေး ချယ်ထားပါတယ်။ ပုဂံက Club တစ်ခုနဲ့ ပေါင်းပြီးမှ အပြီးသတ်ရွေး ချယ်သွားမှာပါ”ဟု ၄င်းက ဆက် ပြောသည်။

မြင်းစီးပြိုင်ပွဲ ဝင်ရန်အတွက် ရွေးချယ်မှုသည် အခက်အခဲများ ရှိ ကြောင်း၊ ပြိုင်ပွဲဝင်ရန် မျိုးစပ်မြင်း များကို အသုံးပြုမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရန် မျှော် မှန်းထားကြောင်း ဦးငြိမ်းကျော်က ပြောသည်။

”လက်ရှိ လေ့ကျင့်နေတာတော့ ၁၈ ဦး ရှိပါတယ်။ မြင်းအကောင် ၂ဝ ရွေးထားပါတယ်။ မြင်းတွေ ကတော့ နိုင်ငံခြားမျိုး နဲ့ စပ်ထား တာတွေပါ”ဟု ပြောသည်။ မြင်းစီးပြိုင်ပွဲအမျိုးအစားများမှာ မြင်းအလှစီး ပြိုင်ပွဲ၊ တန်းခုံ ပြိုင်ပွဲ၊ ခရီးဝေး ပြိုင်ပွဲနှင့် မြင်းလိမ္မာ ပြိုင်ပွဲတို့ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံတွင်ကျင်းပပြီးစီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမြင်းစီး အဖွဲ့ချုပ်မှ ကြေးတံဆိပ် နှစ်ခု ရရှိခဲ့ကြောင်း သိရသည်။

From : Popular Myanmar News Journal

No comments:

Post a Comment