Thursday 17 January 2013

လျှပ် စစ်ကား Fisker Karma ကို Destino အဖြစ်ပြောင်း

Photo: လျှပ်စစ်ကား Fisker Karma ကို Destino အဖြစ်ပြောင်း
Thursday, January 17, 2013

အမေရိကန် VL Automotive Destino ကုမ္မဏီမှ တည်ဆောက်တဲ့ ကား ဖြစ် ပါတယ်။ ကိုယ်ပိုင် ဒီဇိုင်းတော့ မဟုတ်ပါဘူး။ Fisker Karma က ထုတ်တဲ့ လျှပ်စစ်ပြိုင်ကားကို ပြန်လည် ပြောင်းလဲ ထားခြင်းမျှသာ ဖြစ်ပါ တယ်။

လျှပ်စစ်ကား အင်ဂျင်ကို တာဘိုချာဂျာသုံး မြင်းကောင်ရေအား ၆၃၈ ရှိတဲ့ V8 အင်ဂျင်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ယခင် လျှပ်စစ် ပြိုင် ကား ထက် စွမ်းဆောင်ရေပိုမြင့်တာ မှန်ပေမယ့် ဆီသုံးကား အဖြစ် သို့ ရောက်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းကလည်း ထူးထူးထွေထွေမပြောင်းလဲပါဘူး။ Fisker နဲ့ သဘောတူညီမှု ရရှိလို့ ပုံစံတူကိုပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကြည့်လိုက်တာနဲ့ Fisker ရဲ့  လျှပ်စစ်ကား မဟုတ်မှန်း သိအောင်တော့ နည်းနည်း
ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ ကတော့ အမေရိကန် ဒေါ်လာ ၁၈၀၀၀၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobile
အမေရိကန် VL Automotive Destino ကုမ္မဏီမှ တည်ဆောက်တဲ့ ကား ဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းတော့မဟုတ်ပါဘူး။ Fisker Karma က ထုတ်တဲ့ လျှပ်စစ်ပြိုင်ကားကို ပြန်လည် ပြောင်းလဲ ထားခြင်းမျှသာ ဖြစ်ပါ တယ်။

လျှပ်စစ်ကား အင်ဂျင်ကို တာဘိုချာဂျာသုံး မြင်းကောင်ရေအား ၆၃၈ ရှိတဲ့ V8 အင်ဂျင်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ယခင် လျှပ်စစ် ပြိုင် ကား ထက် စွမ်းဆောင်ရေပိုမြင့်တာ မှန်ပေမယ့် ဆီသုံးကား အဖြစ် သို့ ရောက်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းကလည်း ထူးထူးထွေထွေမပြောင်းလဲပါဘူး။ Fisker နဲ့ သဘောတူညီမှု ရရှိလို့ ပုံစံတူကိုပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကြည့်လိုက်တာနဲ့ Fisker ရဲ့  လျှပ်စစ်ကား မဟုတ်မှန်း သိအောင်တော့ နည်းနည်းပြောင်းလဲမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁၈၀၀၀၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

http://www.colayonline.com.mm/automobile

From : ColayOnline:Automobile

No comments:

Post a Comment