Tuesday 8 October 2013

သြစတြေးလျက တရုတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဖို့ ယုံကြည်နေ

Photo: သြစတြေးလျက တရုတ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဖို့ ယုံကြည်နေ
Tuesday, October 8, 2013

သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို လာမယ့် ၁၂လအတွင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိတဲ့အကြောင်း ၀န်ကြီးချုပ် Tony Abbott ကပြောလိုက်ပါတယ်။

သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott က သူ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပပြုလုပ်နေတဲ့ အာရှပစိဖိတ်ညီလာခံ ကိုအသုံးချပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးရရှိဖို့အတွက် တက်ရောက်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။

ညီလာခံကို တက်ရောက်ဖို့အတွက် ဘာလီကျွန်းကို ရောက်ရှိနေချိန်မှာပဲ ၀န်ကြီးချုပ် Tony Abbott က တရုတ်သမ္မတ ရှင်ကျင်းပင်းနဲ့ တွေ့ဆုံခဲ့ပြီးတော့ လာမယ့်နှစ်အတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ၀န်ကြီးချုပ် Tony Abbott ဟာ တခြားဝန်ကြီးချုပ်တွေ၊ သမ္မတတွေနဲ့အတူ ကုန်သွယ်ရေးနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးမှုပြုကြမှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့အဖွဲ့အနေနဲ့ အချိန်သုံးနှစ်လောက်ကြာပြီဖြစ်တဲ့ Trans Pacific Partnership ခေါ် လွတ်လပ်စွာကုန်သွယ်မှု နယ်မြေအရေးကိစ္စကို သဘောတူနိုင်ငံဖို့အတွက် အပြီးသတ်ဆွေးနွေးကြမှာဖြစ်ပြီး ဒီနှစ်ကုန်အတွင်းမှာ အပြီးသတ်နိုင် ဖို့အတွက်လည်း လိုလားနေကြပါတယ်။

ဝန်ကြီးချုပ် Tony Abbott အနေနဲ့ အင်ဒိုနီးရှားနိုင်ငံအပါအ၀င် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်မြှင့်တင်နိုင်ဖို့ ကူညီသွားဖို့ရှိပါတယ်။

ဝန်ကြီးချုပ် Tony Abbott အနေနဲ့ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ Papua New Guinea ၀န်ကြီးချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။

အဲဒါအပြင် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်မြှင့်တင်နိုင်ဖို့ ပူးတွဲစီမံကိန်းဖြစ်တဲ့ ဒေါ်လာသုံးသန်းထောက်ပံ့ကြေးကိုလည်း ကြေညာ သွားဖို့ရှိတယ်လို့ ယူဆနေကြတဲ့အကြောင်း အေဘီစီသတင်းထောက် George Roberts က ဘာလီကျွန်းကနေ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

ABC Radio Australia
သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို လာမယ့် ၁၂လအတွင်းမှာ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိတဲ့အကြောင်း ၀န်ကြီးချုပ် Tony Abbott ကပြောလိုက်ပါတယ်။
သြစတြေးလျဝန်ကြီးချုပ် Tony Abbott က သူ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပပြုလုပ်နေ တဲ့ အာရှပစိဖိတ်ညီလာခံ ကိုအသုံးချပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ လွတ်လပ် စွာ ကုန်သွယ်ရေးရရှိဖို့အတွက် တက်ရောက်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။

ညီလာခံကို တက်ရောက်ဖို့အတွက် ဘာလီကျွန်းကို ရောက်ရှိနေချိန်မှာပဲ ၀န်ကြီးချုပ် Tony Abbott က တရုတ် သမ္မတ ရှင်ကျင်းပင်းနဲ့ တွေ့ဆုံခဲ့ပြီးတော့ လာမယ့်နှစ်အတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ၀န်ကြီးချုပ် Tony Abbott ဟာ တခြားဝန်ကြီးချုပ်တွေ၊ သမ္မတတွေနဲ့အတူ ကုန်သွယ်ရေး နဲ့ လွတ် လပ် စွာ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးမှုပြုကြမှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့အဖွဲ့အနေနဲ့ အချိန်သုံးနှစ်လောက်ကြာပြီဖြစ်တဲ့ Trans Pacific Partnership ခေါ် လွတ်လပ်စွာကုန်သွယ်မှု နယ်မြေအရေးကိစ္စကို သဘောတူနိုင်ငံဖို့အတွက် အပြီး သတ်ဆွေးနွေး ကြမှာဖြစ်ပြီး ဒီနှစ်ကုန်အတွင်းမှာ အပြီးသတ်နိုင် ဖို့အတွက်လည်း လိုလားနေကြပါတယ်။

ဝန်ကြီးချုပ် Tony Abbott အနေနဲ့ အင်ဒိုနီးရှားနိုင်ငံအပါအ၀င် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြ တဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်မြှင့်တင်နိုင်ဖို့ ကူညီသွားဖို့ရှိပါတယ်။

ဝန်ကြီးချုပ် Tony Abbott အနေနဲ့ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေ က ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ Papua New Guinea ၀န်ကြီးချုပ်နဲ့ အမေရိကန်နို င်ငံခြားရေး ၀န်ကြီး တို့နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။

အဲဒါအပြင် စီးပွားရေးအတူပူးတွဲလုပ်ကိုင်ကြတဲ့ နိုင်ငံတွေအတွက် အခြေခံအဆောက်အဦးတွေ တိုး တက်မြှင့် တင်နိုင်ဖို့ ပူးတွဲစီမံကိန်းဖြစ်တဲ့ ဒေါ်လာသုံးသန်းထောက်ပံ့ကြေးကိုလည်း ကြေညာ သွားဖို့ရှိ တယ်လို့ ယူဆနေကြတဲ့အကြောင်း အေဘီစီသတင်းထောက် George Roberts က ဘာလီကျွန်းကနေ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment