Tuesday 8 October 2013

ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြေအား BOT စနစ်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည်

Photo: ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြေအား BOT စနစ်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည်
Tuesday, October 8, 2013

ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင်မြေအား BOT စနစ်ဖြင့် ဟိုတယ်၊ ရှော့ပင်းမောလ် အပါအ၀င် အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းကို မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အောက်တိုဘာ ၂ ရက်တွင် လုပ်ကိုင်ခွင့် ချထားပေးခဲ့ ခြင်းဖြစ်ပြီး မြန်မာကုမ္ပဏီ ဖြစ်သည့် Nature Link ကုမ္ပဏီနှင့် စင်ကာပူ ကုမ္ပဏီဖြစ်သည့် Uni Global Power Pte Ltd တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရန်ကင်းမြို့နယ် မြေတိုင်းရပ်ကွက်၊ အမှတ် ၃၊ ကံဘဲ့တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့် ပြုရာ၌ ကာကွယ်ရေး ၀န်ကြီးဌာနပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူရာတွင် အောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေး ၀န်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှုအား စိစစ်ကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ အတွင်း၌လည်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်တွင် ရုံးခန်းနှင့် အဆောက်အအုံများ တည်ဆောက် ငှားရမ်းခြင်းကို Shwe Taung Development ကုမ္ပဏီနှင့် စင်ကာပူ ကုမ္ပဏီ တစ်ခုတို့အား ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံ ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် သြဂုတ်လကုန် အထိ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရှိပြီး ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ၀င်ရောက် မြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၉၀ သန်းကျော် ရှိကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။

Eleven Media Group

စီမံကိန်း အကောင်အထည် ဖော်မည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

http://www.myanmaronlinenews.net/2013/10/bot.html
စီမံကိန်း အကောင်အထည် ဖော်မည့်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင်မြေအား BOT စနစ်ဖြင့် ဟိုတယ်၊ ရှော့ပင်းမောလ် အပါ အ၀င် အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းကို မြန်မာနှင့် စင်ကာပူ ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အောက်တိုဘာ ၂ ရက်တွင် လုပ်ကိုင်ခွင့် ချထားပေး ခဲ့ ခြင်းဖြစ်ပြီး မြန်မာကုမ္ပဏီ ဖြစ်သည့် Nature Link ကုမ္ပဏီနှင့် စင်ကာပူ ကုမ္ပဏီဖြစ်သည့် Uni Global Power Pte Ltd တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရန်ကင်းမြို့နယ် မြေတိုင်းရပ်ကွက်၊ အမှတ် ၃၊ ကံဘဲ့တွင် အကောင်အထည်ဖော် လုပ်ကိုင် မည် ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့် ပြုရာ၌ ကာကွယ်ရေး ၀န်ကြီးဌာနပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ် ယူ ရာတွင် အောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေး ၀န်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှု အား စိစစ်ကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ အတွင်း၌လည်း ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်တွင် ရုံးခန်းနှင့် အဆောက်အအုံများ တည်ဆောက် ငှားရမ်းခြင်းကို Shwe Taung Development ကုမ္ပဏီနှင့် စင်ကာပူ ကုမ္ပဏီ တစ်ခုတို့အား ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံ ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း မှာ ၂၀၁၃ ခုနှစ် သြဂုတ်လကုန် အထိ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရှိပြီး ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ၀င်ရောက် မြှုပ်နှံ ထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၉၀ သန်းကျော် ရှိကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment