Tuesday 8 October 2013

မိတ္ထီလာကန် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကန်ရေအပြည့်လှောင်ထား

Photo: မိတ္ထီလာကန် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကန်ရေအပြည့်လှောင်ထား
Tuesday, October 8, 2013

မိတ္ထီလာမြို့ရှိ သမိုင်းဝင် မီတ္ထီလာကန်တွင် ပထမဆုံးအကြိမ် ကန်ရေအပြည့် လှောင်ထားနိုင်ပြီဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ကပြောကြားသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခြင်း၊ မိုးရာသီမရောက်မီက လည်း ရေစီးရေလာ ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းများကြောင့် ကန်ရေအနက် ၃၅ပေနှင့် ရေပမာဏ ပေနှစ်သောင်းတစ်ထောင်အ ထိ လှောင်ထားနိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၅ရက်တွင် ၎င်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

““ကန်မှာရေပြည့်နေပြီဆိုပြီးတော့ ကန်ကျိုးပေါက်မှာလည်း စိုး ရိမ်စရာမရှိပါဘူး။ ရေကျော်လွှဲ ခုနစ်ပေါက်ရှိပါတယ်။ ဒီထက်ပိုလာရင် သူ့ဟာသူကျော်ကျသွားမှာပါ””ဟု ဦးခင်ဇော်က ရှင်းလင်းပြောကြား သည်။ထိုကဲ့သို့ ကန်ရေသတ်မှတ်ချက်အမီ အပြည့်လှောင်ထားနိုင်ပြီဖြစ်၍ မြို့ပေါ်နေပြည်သူများအတွက် သောက်သုံးရေ လုံလောက်စွာပေးနိုင် မည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက်လည်း ပေးဝေနိုင်မည်ဖြစ်သည်။မိုး နည်းရေရှားရပ်ဝန်းဒေသတွင် ပါဝင်သော မိတ္ထီလာမြို့နှင့် ၀န်းကျင်ဒေသသည် အခြားဒေသများကဲ့သို့နွေရာသီတွင် ရေအခက်အ ခဲကြုံတွေ့ရလျက်ရှိရာ မိတ္ထီလာကန်ရေအပြည့် လှောင်ထားနိုင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ကြောင်း မြို့ခံ ကိုနိုင်ဝင်းကပြောကြားသည်။

မိတ္ထီလာကန်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 
7 DAY DAILY
မိတ္ထီလာကန်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မိတ္ထီလာမြို့ရှိ သမိုင်းဝင် မီတ္ထီလာကန်တွင် ပထမဆုံးအကြိမ် ကန်ရေအပြည့် လှောင်ထားနိုင်ပြီဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ကပြောကြားသည်။
ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခြင်း၊ မိုးရာသီမရောက်မီက လည်း ရေစီးရေလာ ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းများကြောင့် ကန်ရေအနက် ၃၅ပေနှင့် ရေပမာဏ ပေနှစ်သောင်းတစ်ထောင်အ ထိ လှောင်ထားနိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၅ရက်တွင် ၎င်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

““ကန်မှာရေပြည့်နေပြီဆိုပြီးတော့ ကန်ကျိုးပေါက်မှာလည်း စိုး ရိမ်စရာမရှိပါဘူး။ ရေကျော်လွှဲ ခုနစ်ပေါက် ရှိပါတယ်။ ဒီထက်ပိုလာရင် သူ့ဟာသူကျော်ကျသွားမှာပါ””ဟု ဦးခင်ဇော်က ရှင်းလင်းပြောကြားသည်။ ထိုကဲ့သို့ ကန်ရေသတ်မှတ်ချက်အမီ အပြည့်လှောင်ထားနိုင်ပြီဖြစ်၍ မြို့ပေါ်နေပြည်သူများ အတွက် သောက်သုံးရေ လုံလောက်စွာပေးနိုင် မည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက်လည်း ပေးဝေနိုင် မည်ဖြစ် သည်။ မိုးနည်းရေရှားရပ်ဝန်းဒေသတွင် ပါဝင်သော မိတ္ထီလာမြို့နှင့် ၀န်းကျင်ဒေသသည် အခြားဒေသများ ကဲ့သို့နွေရာသီတွင် ရေအခက်အ ခဲကြုံတွေ့ရလျက်ရှိရာ မိတ္ထီလာကန်ရေအပြည့် လှောင်ထားနိုင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ကြောင်း မြို့ခံ ကိုနိုင်ဝင်းကပြောကြားသည်။

7 DAY DAILY

No comments:

Post a Comment