Tuesday 8 October 2013

ပြည်တွင်းဆန်ဈေးငြိမ်လာ၍ ကုမ္ပဏီဆန်များထုတ်ရောင်းချမှုရပ်နား

ပြည်တွင်းဆန်ဈေးများ ပြန်လည်ကျ ဆင်းလာပြီဖြစ်၍ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ကုမ္ပဏီထုတ်ရော င်း ခြင်း အား ပြန်လည်ရပ်ဆိုင်းလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဩဂုတ်လလယ်ပိုင်းမှစ တင်ကာ တောက်လျှောက်တက် လာခဲ့သော ပြည်တွင်း ဆန်ဈေး နှုန်းများအား ထိန်းချုပ်နိုင်ရန်အတွက် ကုမ္ပဏီဆန်များအား အရန်ဆန်နှင့်တွဲ၍ရောင်းချခဲ့ရာ ယခုလဆန်းပိုင်းမှ စတင် ကာ ပြည်တွင်းဆန်ဈေးများပြန် လည်ကျဆင်းခြင်းကြောင့် အ ရောင်းရပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝါးတန်းဆန်ဒိုင်အတွင်းရေး မှူးဦးတင်ဦးက''ရေကြီးတာ တွေအကြောင်းပြပြီး ရွှေဘို ပေါ်ဆန်းတွေ အတော်လေးတက်သွားပြီး မကြာဘူးဆန်ကြမ်း ဈေးတွေလဲ လိုက်တက်လာလို့ ဥက္ကဋ္ဌကြီးက ကုန် သည်တွေနဲ့ ခေါ်တွေ့ပြီး ကုမ္ပဏီဆန်ထုတ် ရောင်းခဲ့ပေမယ့် ဆန်ဈေးက သိပ်မကျခဲ့ဘူး၊ နောက်ဆုံးအ ရန်ဆန်ပါ ထပ်ရောင်းလိုက်တာ ဆန်ဈေးပြန်ငြိမ်လာပြီဖြစ်တဲ့ အတွက် အရောင်းရပ်တာပါ''ဟုဆိုသည်။
လက်ရှိအချိန်တွင်မူဆယ် နယ်စပ်တရုတ်ကုန်သည်များ မှာလည်း ယင်းနိုင်ငံ၏ပိတ်ရက် ရှည်ရှိနေ၍ အဝယ်နားထား ခြင်းကြောင့် နယ်ကုန်သည်အ များစုလှုပ်ရှားမှုမတွေ့ရသည် မှာလည်း ပြည်တွင်း ဆန်ဈေး နှုန်းပြန် လည်ကျဆင်းသွားရ ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိနိုင်ငံတကာဆန် ပေါက်ဈေးမှာ ဧည့်မထ၂၅မှတ် ဆန်တစ်တန်လျှင် ၃၃၀ ဒေါ်လာ တွင် ရှိနေရာ မြန်မာနိုင်ငံမှတစ် တန် ၃၄၀ ဒေါ်လာဖြင့် တင်နေ ခြင်းကြောင့် ဒေသတွင်းဆန် တင်ပို့နိုင်ငံဗီယက်နမ်နှင့် တရုတ် ဈေး ကွက်အတွင်း ယှဉ်ပြိုင်ရန် ခက်ခဲနေရာ စက်တင်ဘာလကုန် အထိဆန် တင်ပို့မှု တန်သုံးသိန်း ကျော်သာရှိနေ၍ ယခုနှစ်ဆန် တင်ပို့မှုလျာထား ချက်ကိုပါ ထိ ခိုက်လာနိုင်ကြောင်း ဆန်ကုန်သည် များက ဆိုသည်။

ဩဂုတ်လ၈ရက်မှစတင် ကာ ပြည်တွင်းဆန်ကုမ္ပဏီ များ ဖြစ် သည့် ရွှေဝါရောင် ၊ စိမ်း လဲ့မြေ၊ ပင်လယ် ကိုးသွယ်၊ ပထမ ဆန်စပါးရောင်း ဝယ်ရေး ကုမ္ပဏီ တို့မှ ဆန်ကုန်သည်တစ်ဦးလျှင် တစ်နေ့အိတ် ၂၀၀ ထုတ်ရောင်း ခဲ့ပြီး၊အရန်ဆန်ကိုလည်း တစ် ရက်အိတ်ရေ ၄၀၀၀ အထိ ထုတ်ရောင်း ခဲ့ခြင်းကြောင့်ဈေး များကျဆင်းလာခြင်းဖြစ်ကြောင်း ယင်းအပြင် သီတင်းကျွတ် မိုး စပါးပြန်လည်ထွက်ရှိ လာမည်ဖြစ် ၍ဆန်ဈေးတက်ရန် အလားအ လာမရှိကြောင်း ကုန်စည်ဒိုင်မှသိ ရသည်။

ဝါးတန်းဆန်ဒိုင်လက်ရှိ ဆန် ပေါက်ဈေး များမှာ ၁၀၈ ပေါင် ဝင်တစ်တင်းခွဲတစ်အိတ်လျှင် ဧည့်မထ ၂၅ မှတ်ဆန် ကျပ်၁၆၀၀၀၊ ဆန်ကွဲလုံးဝမပါသည့်ထိပ်တန်း ဧည့်မထအား တစ်အိတ်လျှင် ကျပ် ၁၇၂ဝဝဖြင့် ထောက်ခံချက် မလိုရောင်းချပေးနေကြောင်း အတွင်းရေးမှူးမှ ပြောသည်။

Yangon Media Gr

No comments:

Post a Comment