Tuesday 8 October 2013

ဓနသဟာယနိုင်ငံများ ညီလာခံကို ကနေဒါ ၀န်ကြီးချုပ် မတက်နိုင်ဟုဆို

Photo: ဓနသဟာယနိုင်ငံများ ညီလာခံကို ကနေဒါ ၀န်ကြီးချုပ် မတက်နိုင်ဟုဆို
Tuesday, October 8, 2013

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ဓနသဟာယနိုင်ငံများညီလာခံကို ကိုယ်တိုင်မတက်ရောက်ပဲ အဆင့်နိမ့် အရာရှိတဦးကို သာ စေလွှတ်မယ်လို့ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါ က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိပြုလုပ်သွားဖို့ ရှိတဲ့ ဒီညီလာခံကို လက်ခံမယ့်အိမ်ရှင် သီရိလင်္ကာနိုင်ငံဟာ ဆိုးရွားတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှုမရှိတဲ့အပြင် ပြည်တွင်းစစ်ပြီးကတည်းက နိုင်ငံတကာအဆင့် လူမှုကူညီစောင့်ရှောက်ရေးကိစ္စတွေမှာ လိုအပ်ချက်တွေရှိနေတာကြောင့် အခုလို ညီလာခံမတက်ဖို ဆန္ဒပြတာ ဖြစ်ကြောင်း ကနေဒါ ၀န်ကြီးချုပ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး နဲ့ လူအခွင့်အရေး ကိစ္စတွေဟာ ဓနသဟာယနိုင်ငံများကို ထူထောင်ခဲ့တဲ့ အခြေခံအကြောင်းတရားတွေဖြစ်ပြီး ကနေဒါနိုင်ငံအနေနဲ့ ဒီရည်ရွယ်ချက်တွေအပေါ် ရပ်တည်သွားမှာ ဖြစ်ကြောင်းကိုလည်း မစ္စတာ ဟာပါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Human Right Watch လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ တမေးလ် ခွဲထွက်ရေးအုပ်စုနဲ့ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အရေးနဲ့ ပတ်သက်ပြီး စစ်ရာဇ၀တ်မှုပြစ်ဒဏ်အတွက် စစ်တပ်ဖက်က ဘယ်သူက တာဝန်ရှိတယ်ဆိုတာ ထုတ်ဖော်ဖို့ သီရိလင်္ကာနိုင်ငံအနေနဲ့ ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

အခုလို အစီရင်ခံစာတွေထွက်လာခဲ့တဲ့ နောက်ပိုင်း ဂန်ဘီယားနိုင်ငံကလည်း ကိုလိုနီလက်သစ်ဝါဒီတွေရှိတဲ့ ဓနသဟာယနိုင်ငံထဲက ခွဲထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကတော့ ဒီညီလာခံကို တက်ရောက်ဖို့ ရှိပြီး အပြုသဘောဆောင်တဲ့ ပံပိုးကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Tony Abbott က ပြောကြားခဲ့ပါတယ်။

ABC Radio Australia

ကနေဒါနိုင်ငံဝန်ကြီးချုပ် Stephen Harper (Credit: AFP)
ကနေဒါနိုင်ငံဝန်ကြီးချုပ် Stephen Harper (Credit: AFP)
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ဓနသဟာယနိုင်ငံများညီလာခံကို ကိုယ်တိုင်မတက်ရောက်ပဲ အဆင့်နိမ့် အရာရှိတဦးကို သာ စေလွှတ်မယ်လို့ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါ က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိပြုလုပ်သွားဖို့ ရှိတဲ့ ဒီညီလာခံကို လက်ခံမယ့်အိမ်ရှင် သီရိလင်္ကာနိုင်ငံဟာ ဆိုးရွားတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှုမရှိတဲ့အပြင် ပြည်တွင်းစစ်ပြီးကတည်းက နိုင်ငံတကာအဆင့် လူမှုကူညီစောင့်ရှော က်ရေး ကိစ္စတွေမှာ လိုအပ်ချက်တွေရှိနေတာကြောင့် အခုလို ညီလာခံမတက်ဖို ဆန္ဒပြတာ ဖြစ်ကြောင်း ကနေဒါ ၀န်ကြီးချုပ် က ဝေ ဖန်ပြော ကြား လိုက်ပါတယ်။

လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး နဲ့ လူအခွင့်အရေး ကိစ္စတွေဟာ ဓနသဟာယနိုင်ငံများကို ထူထောင်ခဲ့တဲ့ အခြေခံအကြောင်း တရားတွေဖြစ်ပြီး ကနေဒါနိုင်ငံအနေနဲ့ ဒီရည်ရွယ်ချက်တွေအပေါ် ရပ်တည်သွားမှာ ဖြစ်ကြောင်းကိုလည်း မစ္စတာ ဟာပါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Human Right Watch လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ တမေးလ် ခွဲထွက်ရေးအုပ်စုနဲ့ ဆယ်စုနှစ် များစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အရေးနဲ့ ပတ်သက်ပြီး စစ်ရာဇ၀တ်မှုပြစ်ဒဏ်အတွက် စစ်တပ်ဖက်က ဘယ်သူက တာဝန်ရှိတယ် ဆိုတာ ထုတ်ဖော်ဖို့ သီရိလင်္ကာနိုင်ငံအနေနဲ့ ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

အခုလို အစီရင်ခံစာတွေထွက်လာခဲ့တဲ့ နောက်ပိုင်း ဂန်ဘီယားနိုင်ငံကလည်း ကိုလိုနီလက်သစ်ဝါဒီတွေရှိတဲ့ ဓနသဟာယနိုင်ငံထဲက ခွဲထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကတော့ ဒီညီလာခံကို တက်ရောက်ဖို့ ရှိပြီး အပြုသဘောဆောင်တဲ့ ပံပိုးကူညီမှုတွေ လုပ်ဆောင်သွားမယ် လို့ ဝန်ကြီးချုပ် Tony Abbott က ပြောကြားခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment