Monday 16 September 2013

ကမ္ဘာအသက် အကြီးဆုံး စပိန်အမျိုးသားတစ်ဦး အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

Photo: ကမ္ဘာအသက် အကြီးဆုံး စပိန်အမျိုးသားတစ်ဦး အသက် ၁၁၂ နှစ်တွင် ကွယ်လွန်
 Monday, September 16, 2013

စပိန်နိုင်ငံတွင် မွေးဖွားခဲ့သော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦး သည် အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်၌ အသက် ၁၁၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ၎င်း၏ အသုဘ အခမ်းအနားအား စီစဉ်ပေးသူများက ပြောကြား ခဲ့သည်။

ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင် ခံထား ရသော ဆလူစတီ အာနိုရှော့ တီဆန်ချက်ဇ် အမည်ရှိ ၎င်း အမျိုးသား သည် နယူးယောက်ပြည် နယ် ဂရန်းကျွန်းရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် စက်တင်ဘာ ၁၄ ရက်က လူကြီးရောဂါဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ချက်ဇ်အား စပိန်နိုင်ငံ အယ်လ် တီဂျာဒိုဒီဘီဂျာ ဒေသတွင် ၁၉ဝ၁ ခုနှစ် က မွေးဖွားခဲ့ပြီး အမေရိကန်သို့ ပြောင်းရွှေ့ မနေထိုင်မီ ကြံစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားနှင့်အတူ ကမ္ဘာ့အသက် အကြီးဆုံး ပုဂ္ဂိုလ်များအဖြစ် စံချိန်တင်ခံထားရသော အီတလီနိုင်ငံမှ အထရူအိုလီ ကာတာသည် အသက် ၁၁၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဂျပန်နိုင်ငံမှ မီဆာအို အိုကာဝါသည် အသက် ၁၁၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း အသက်အိုခြင်းနှင့်အိုမှု ဖြစ်စဉ်လေ့လာမှု ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

မြ၀တီ
စပိန်နိုင်ငံတွင် မွေးဖွားခဲ့သော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦးသည် အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်၌ အသက် ၁၁၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ၎င်း၏ အသုဘ အခမ်းအနားအား စီစဉ်ပေးသူများက ပြောကြား ခဲ့သည်။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင် အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင် ခံထား ရသော ဆလူစတီ အာနိုရှော့ တီဆန်ချက်ဇ် အမည်ရှိ ၎င်းအမျိုးသားသည် နယူးယောက်ပြည်နယ် ဂရန်းကျွန်းရှိ ဘိုးဘွားရိပ်သာ တစ်ခု တွင် စက်တင်ဘာ ၁၄ ရက်က လူကြီးရောဂါဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ချက်ဇ်အား စပိန်နိုင်ငံ အယ်လ်တီဂျာဒိုဒီဘီဂျာ ဒေသတွင် ၁၉ဝ၁ ခုနှစ် က မွေးဖွားခဲ့ပြီး အမေရိကန် သို့ ပြောင်းရွှေ့ မနေထိုင်မီ ကြံစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားနှင့်အတူ ကမ္ဘာ့အသက် အကြီးဆုံး ပုဂ္ဂိုလ်များအဖြစ် စံချိန်တင်ခံထားရသော အီတလီနိုင်ငံမှ အထရူအိုလီကာတာသည် အသက် ၁၁၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဂျပန်နိုင်ငံမှ မီဆာအို အိုကာဝါ သည် အသက် ၁၁၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း အသက်အိုခြင်းနှင့်အိုမှု ဖြစ်စဉ်လေ့လာမှု ဆိုင်ရာ အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

မြ၀တီ

No comments:

Post a Comment