Monday 16 September 2013

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိကြီး တစ်ဦး သေဆုံး

Photo: စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိကြီး တစ်ဦး သေဆုံး
Monday, September 16, 2013

ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နိုင်ငံ နယ်စပ်အနီးအနား တွင် စက်တင် ဘာ ၁၅ ရက်က ပါကစ္စတန် စစ်သွေးကြွ အကြမ်းဖက် သမားများ၏ ဗုံးထောင် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိ တစ်ဦး အပြင် အခြား အရာရှိကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံး ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် စစ်ဘက်မှ ဗိုလ်ချုပ် ဆာနာအူလာခန်သည် နယ်စပ်အနီးရှိ စခန်း တစ်ခုအား စစ်ဆေးပြီး ပြန်အလာတွင် ဒဲခရိုင်အထက်ပိုင်း အရောက် တွင် စစ်သွေးကြွ များ၏ မိုင်းထောင် တိုက်ခိုက်မှုကြောင့် ၎င်းနှင့်အတူ လိုက်ပါ လာသော ဒုတိယဗိုလ်မှူးကြီး တစ်ဦးနှင့် အခြား ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့ ရခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သော သီတင်းပတ်က ပါကစ္စတန် အစိုးရနှင့် ပါကစ္စတန်တာလီဘန် တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ် ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ဖွဲ့များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ဆက်လက် အကောင်အထည် ဖော်သွားရန် သဘောတူညီခဲ့ကြသည်။ သို့သော်ယခုကဲ့သို့ စစ်သွေး ကြွများ ၏တိုက်ခိုက်မှုကြောင့် စစ်ဘက် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ရသည့် အတွက် အစိုးရနှင့် အကြမ်းဖက် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ရယူနိုင်ရေးသည် ပိုမို ခက်ခဲသွားမည် ဖြစ်သည်။ 

မြ၀တီ
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီးအနားတွင် စက်တင်ဘာ ၁၅ ရက်က ပါကစ္စတန် စစ်သွေးကြွအကြမ်းဖက်သမားများ၏ ဗုံးထောင်တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိ တစ်ဦးအပြင် အခြား အရာရှိကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံး ခဲ့ကြောင်း သိရသည်။
ပါကစ္စတန် စစ်ဘက်မှ ဗိုလ်ချုပ်ဆာနာအူလာခန်သည် နယ်စပ်အနီးရှိ စခန်းတစ်ခုအား စစ်ဆေးပြီး ပြန် အလာတွင် ဒဲခရိုင်အထက်ပိုင်း အရောက်တွင် စစ်သွေးကြွများ၏ မိုင်းထောင် တိုက်ခိုက်မှုကြောင့် ၎င်းနှင့် အတူ လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီး တစ်ဦးနှင့် အခြား ရဲဘော်တစ်ဦးတို့ သေဆုံး ခဲ့ရခြင်း ဖြစ် သည်။ အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သော သီတင်းပတ်က ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်တာလီဘန် တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ် ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ဖွဲ့များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ဆက်လက်အကောင် အထည်ဖော်သွားရန် သဘောတူညီခဲ့ကြသည်။ သို့သော်ယခုကဲ့သို့ စစ်သွေးကြွများ ၏တိုက်ခိုက် မှုကြောင့် စစ်ဘက်ထိပ်တန်းဗိုလ်ချုပ်တစ်ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ရသည့်အတွက် အစိုးရနှင့် အကြမ်း ဖက် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ရယူနိုင်ရေးသည် ပိုမို ခက်ခဲသွားမည် ဖြစ်သည်။ 

မြ၀တီ

No comments:

Post a Comment