Monday 16 September 2013

အခွန်ရှောင်နည်းပြောပြပြီး ဘောက်ဆူးငွေယူသော အခွန်အကြံပေးအရာရှိ အလုပ်ဖြုတ်ခံရ

ဗြိတိသျှအစိုးရ၏ အခွန် အကြံပေး အရာရှိတစ်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်သည့် အ ကြောင်းမှာ ၎င်း၏ အခွန်မည်သို့ ရှောင်ရမည်ကို အကြံပေးနေသည့် လျှို့ဝှက်ရုပ်ရှင် ရိုက်ကူးထားခြင်းကို တွေ့ရှိခဲ့
၍ဖြစ်ကြောင်း စနေ နေ့တွင် သက်ဆိုင်ရာမှ ပြောကြား လိုက်သည်။ ဒေးဗစ်ဟက်တန်ကို လျှို့ ဝှက်မှတ်တမ်း တင် ထားသည့် ဖလင်အား ဘီဘီစီသတင်းထောက်က လန်ဒန်မြို့၌ ကုမ္ပဏီများက သူတို့ ၏ငွေများကို ဘဏ္ဍာရေးဝန်ကြီး ဂျော့အိုစ်ဘုန်း၏ မသတီစရာ လက်ထဲသို့ မရောက်အောင် မည် သို့ကာကွယ်ရမည်ကို ရှင်းလင်း သောကွန်ဖရင့်၌ ပြသခဲ့ခြင်းဖြစ် သည်။

နှစ်လကြာပြီးနောက်သူသည် အခွန်ဝန်ကြီးဌာနအကြံပေး အဖွဲ့ ဝင်ငွေခွန်နှင့်အကောက်ခွန်ဌာန (HMRC) ၌ စတင်အလုပ် လုပ်ခဲ့သည်။ ထိုဌာနတွင် အခွန်ဥပဒေများအား ရှောင်လွှဲမှုကို မည်သို့ကိုင်တွယ်ရမည်ကို စိစစ် မှုပြုရကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။ HMRC မှ ပြောရေးဆိုခွင့်ရသူအမျိုးသမီးက အတည်ပြုပြောကြားရာတွင် ဟက်တန်သည် အဖွဲ့၏ရိုးသားဖြောင့်မတ်မှုကို ထိန်း သိမ်းစောင့်ရှောက်သော အားဖြင့် နုတ်ထွက်သွားခြင်းဖြစ် သည်ဟုဆိုသည်။

အထွေထွေဥပဒေ ကျူးလွန် မှု တားဆီးရေးအကြံပေးအဖွဲ့၏ လုပ်ငန်းမှာ အလွန်ပင်အရေးကြီး ကြောင်း၊ HMRC ၏အခွန်တိမ်း ရှောင်မှုတိုက်ဖျက်ရေး အတွက် အလွန်ထိရောက်သော ဆောင် ရွက်ချက်များကို လုပ်ခြင်းဖြစ်ကြောင်း သူမကပြောပြခဲ့သည်။ အကြံပေးအဖွဲ့သည် လူထု နှင့် အခွန်ပေးဆောင် သူ နှစ်ဦးစ လုံး၏ယုံကြည်မှုရရှိအောင်ကွပ်ကဲ လုပ်ဆောင်ရကြောင်း၊ မစ္စတာ ဟက်တန်၏နေရာ ဆက်ခံမည့် သူအား မကြာမီကြေညာပေးသွား မည်ဟုဆိုသည်။

Yangon Media Group

No comments:

Post a Comment