Monday 16 September 2013

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာ ထိုင်ခင်းတောင်း ဟု ဆရာတော်မိန့်ကြား

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်း တိုက် ဆရာတော်ထံမှ သိ ရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇန ပလာဇာ ခုနစ်လွှာတွင် စက်တင် ဘာ၈ရက်မှ ၁၂ရက် အထိ ပြုလုပ် ခဲ့သည့် ပထမဆုံးအကြိမ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နောက် ဆုံး နေ့ တွင် တရားပွဲ အပြီး ကမ္မဝါရွတ် ချိန်၌ ရေစက်ချ အမျှဝေမည့် ဈေး သူ၊ ဈေးသားများထဲမှ တရားနာ နေသည့် အမျိုးသမီးတစ်ဦးကို ပရလောကသားက ဝင်ရောက်ပူးကပ်ပြီး ယုဇနပလာဇာတွင် နေထိုင်ရန် အတွက် နေရာတောင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရား ပွဲတွင် ကမ္မဝါရွတ်ဖတ်ခဲ့သည့် နတ် မောက်ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကုသလထံမှ သိရသည်။

http://goo.gl/cj6DKA
Yangon Media Group

No comments:

Post a Comment