Monday 16 September 2013

သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ

Photo: သုံးလကြာရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ
ပြန်လည်ပြေးဆွဲ
Monday, September 16, 2013

သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရရက်မှစပြီး
ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။

မိုးတွင်းကာလတွင် ရာသီ ဥတုအခြေအနေကြောင့် သုံးလ ခန့် ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင်အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။''ရာသီဥတု
အပေါ်မှာပဲ မူ တည်ပါတယ်။ ရာသီဥတုမကောင်း ရင်ပြန်နားရတာပါပဲ''ဟု ၎င်းက ဆိုသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၅ မိုင်နှင့်အထက်ဖြစ်ပါ က အမြန်ရေယာဉ်
ခရီးစဉ်များ ကို ရပ်နားရပြီး တစ်နာရီ လေ တိုက်နှုန်း မိုင် ၃ဝခန့်ရှိမှ ပြန်
လည် ပြေးဆွဲပေးသည်ဟု အမြန်ရေ ယာဉ်အသိုင်းအဝိုင်းမှ သိရသည်။

ကမ်းရိုးတန်း အမြန်ရေယာဉ် များသည် မိုးရာသီတွင်နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။မြိတ်-ထားဝယ် ခရီးစဉ်အ တွက် ကျပ် ၁၃၀၀၀၊ မြိတ်-ကော့ သောင်းကို ကျပ် ၂၇၀၀၀ နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ် အတွက် ကျပ် ၄၀၀၀၀ သတ်မှတ် ထားသည်။မြိတ်တွင် အမြန်ရေယာဉ်
လိုင်းသုံးလိုင်းရှိပြီး မြိတ်-တ နင်္သာရီမြို့ အမြန်ရေယာဉ် နေ့ ချင်းပြန် သုံးစင်းရှိသည်။

Yangon Media Group
သုံးလ ခန့်အကြာ ရပ်နားထားသည့် ထား ဝယ်-မြိတ်-ကော့သောင်း ကမ်း ရိုးတန်း အမြန်ရေယာဉ်ခရီးစဉ် များကို စက်တင်ဘာ ရရက်မှစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ်အသိုင်းအ ဝိုင်းမှ သိရသည်။
မိုးတွင်းကာလတွင် ရာသီ ဥတုအခြေအနေကြောင့် သုံးလ ခန့် ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင်အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။''ရာသီဥတု အပေါ်မှာပဲ မူ တည်ပါတယ်။ ရာသီဥတုမကောင်း ရင်ပြန်နားရတာပါပဲ''ဟု ၎င်းက ဆိုသည်။

တစ်နာရီလျှင် လေတိုက် နှုန်း ၃၅ မိုင်နှင့်အထက်ဖြစ်ပါ က အမြန်ရေယာဉ် ခရီးစဉ်များ ကို ရပ်နားရပြီး တစ်နာရီ လေ တိုက်နှုန်း မိုင် ၃ဝခန့်ရှိမှ ပြန်လည် ပြေးဆွဲပေးသည်ဟု အမြန်ရေ ယာဉ်အသိုင်းအဝိုင်းမှ သိရသည်။

ကမ်းရိုးတန်း အမြန်ရေယာဉ် များသည် မိုးရာသီတွင်နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။မြိတ်-ထားဝယ် ခရီးစဉ်အ တွက် ကျပ် ၁၃၀၀၀၊ မြိတ်-ကော့ သောင်းကို ကျပ် ၂၇၀၀၀ နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ် အတွက် ကျပ် ၄၀၀၀၀ သတ်မှတ် ထားသည်။မြိတ်တွင် အမြန်ရေယာဉ် လိုင်းသုံးလိုင်းရှိပြီး မြိတ်-တ နင်္သာရီမြို့ အမြန်ရေယာဉ် နေ့ ချင်းပြန် သုံးစင်းရှိသည်။

Yangon Media Group

No comments:

Post a Comment