Thursday 19 September 2013

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ၏ လုံခြုံရေးကို မြန်မာ့ရဲတပ်ဖွဲ့က သီးသန့်တာဝန်ယူ

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော သံအမတ်များ၏ သွားလာရေး ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သီးသန့်လုံခြုံရေးပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကဲ့သို့ လုံခြုံရေးပေးရာတွင် သက်ဆိုင်ရာသံရုံးမှတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများသို့ အကြောင်းကြားရမည်ဖြစ်ပြီး ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များက လူအင်အား၊ လက်နက် အင်အားအပြည့်အစုံဖြင့် တာဝန်ယူကာ စောင့်ကြပ်လိုက် ပါမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ''အခုဆို အစ္စရေးသံအမတ်ကြီး လာတတ်တယ်။ ဒီတော့သံရုံးက ကျွန်တော်တို့ဘက်ကို သံအမတ်ကြီးလုံခြုံ ရေးအတွက် ဆောင်ရွက် ပေးပါဦးလို့ပြောတာနဲ့ ရဲတပ်ရင်းနဲ့ လာ ပြီးစောင့်တာ။ ဘယ်သံရုံးကိုမဆို မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်လိုနိုင်ငံ ခြားသံအမတ်ကိုမဆို လုံခြုံရေး အတွက် အကူအညီ လိုရင်ပေးပါ တယ်''ဟု ပြောသည်။

အစ္စရေးသံရုံးလုံခြုံရေးကို ဆောင်ရွက်နေသူတစ်ဦးက ''ကျွန် တော်တို့က သံရုံး၊ သံအမတ်လုံ ခြုံရေး အတွက် ရဲတပ်ရင်းကတပ်ဖွဲ့ ဝင်တွေနဲ့အတူ ပူးပေါင်းဆောင် ရွက်နေပါတယ်''ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment