Thursday 19 September 2013

နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်

နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက် ညက ရဲနဲ့ ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။
၁၈ ရက်နေ့ည ၁ နာရီခွဲခန့်မှာ ၀ဲကြီးကျေးရွာနေ ကျေးရွာ အန်အယ်လ်ဒီ အလုပ်အမှုဆောင် ကိုဇော်လတ် နေအိမ်ကို ရဲအယောက် ၃၀ လောက် အကြမ်းဖက်ဝင်ရောက်လာပြီး ရိုက်နှက်ရာမှာ ကိုဇော်လတ် ဇနီးသည်ဖြစ် သူက ဓားပြဓားပြလို့ အော်တာကြောင့် ရွာသားတွေ အိမ်ကို ၀ိုင်းလာခဲ့ကြ တယ် လို့ ကိုဇော်လတ်က ပြောပါတယ်။

အဲဒီနောက် ရဲ ၂၇ ယောက်ကို ရွာသားတွေက ဖမ်းဆီးချုပ်နှောင် ထား လိုက်ကြောင်း၊ မိုးလင်းတော့ ရာနဲ့ချီတဲ့ရဲတွေ ရွာကို လာဝိုင်းပြီး အဖမ်းခံ ထားရတဲ့ ရဲတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုတဲ့အတွက် ထုတ်ပေးလိုက် တယ်လို့ ကာယကံရှင် ကိုဇော်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီရွာအနီး လယ်သမားတချို့ ထွန်တုံးတိုက်ပွဲ ၀င်ခဲ့တာကို အားပေး အားမြှောက်ပြုတယ်ဆိုပြီး သူ့ကို လာဖမ်းတာလို့ ထင်ကြောင်း ကိုဇော်လတ်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ် သက်ပြီး ပုဗ္ပ သီရိမြို့နယ် ကျည်တောင်ကန် စခန်းမှူးကို ဆက်သွယ်မေးမြန်း ရာမှာ ဖြစ်စဉ် မှန်ကန်ကြောင်း ပြောပြီး အသေးစိတ်ပြောဆို ဖို့ ငြင်းဆိုသွားပါတယ်။

အခင်းဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး ကာယကံရှင်ကိုဇော်လတ်ကို ဒီဗွီဘီသတင်းထောက် ကိုရွှေအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment