Thursday 19 September 2013

မန်ယူ၏ စတုတ္ထမြောက်ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်လာ



Photo: မန်ယူ၏ စတုတ္ထမြောက်ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်လာ
Thursday, September 19, 2013

လေဗာ ကူဆင်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ရူနီသည် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ သည့်အတွက် မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ရူနီသည် အဆိုပါပွဲတွင် နှစ် ဂိုးသွင်းယူနိုင်ခဲ့ရာ မန်ယူအသင်း တွင် ၎င်း၏သွင်းဂိုးမှာ ဂိုး ၂၀၀ အ ထိ ရောက်ရှိလာခဲ့ပြီး အသင်း၏ ဂန္ထဝင်ကစားသမား ဘော်ဘီချာလ် တန်၏ ၂၄၉ ဂိုးစံချိန်ကို ကျော် ဖြတ်နိုင်ရန် ရူနီအနေဖြင့် ဂိုး ၅၀ ထပ်မံသွင်းရန်သာလိုတော့သည်။

ရူနီသည် မန်ယူအတွက် ၄၀၆ ပွဲတွင် ဂိုး ၂၀၀ ပြည့်ခဲ့ခြင်း ဖြစ်ပြီး ဘော်ဘီချာလ်တန်က ၇၅၆ ပွဲတွင် ၂၄၉ ဂိုး သွင်းယူထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရူနီမှာ ယခု ရာသီအတွင်း ၁၂ဂိုး ထပ်မံသွင်း ယူနိုင်လျှင် တတိယဂိုးအများဆုံး သွင်းထားသည့် ဂျက်ရိုးလေး စံချိန် ကိုပါ ထပ်မံကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ယင်းကဲ့သို့ ဂိုး၂၀၀ ပြည့်ခဲ့ ပြီးနောက် ITV နှင့် အင်တာဗျူး တွင် ရူနီက''အခုလို ဂိုး ၂၀၀ ပြည့် သွားတဲ့အပေါ်သိပ်ဂုဏ်ယူမိတယ်။

အသင်းမှာပြန်ကစားပြီး ဂိုးတွေ သွင်းနိုင်တဲ့အပေါ် ပျော်ရွှင်မိတယ်။ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဟာ အ လွန်အရေးကြီးတဲ့ပွဲပါ။ နောက် ပြီး ရလဒ်လဲ ကောင်းခဲ့တယ်''ဟုပြောခဲ့သည်။ထို့အပြင် နည်းပြမိုယက်စ် က ရူနီအနေဖြင့် မန်ယူအသင်း ၏ ဂိုးသွင်းအများဆုံး ကစားသ မားဖြစ်ရန် စိန်ခေါ်မှုတစ်ရပ်ပြု လုပ်ခဲ့သည်။ မိုယက်စ်က ''ကစား သမားလေးဦးပဲ ဂိုး၂ဝဝကိုပြည့် မြောက်အောင် သွင်းထားနိုင်ပါ တယ်။ ရူနီက မန်ယူအသင်းရဲ့ ဂိုး အများဆုံးသွင်းသူတစ်ဦးဖြစ်လာ ဖို့ အခွင့်အရေးရှိနေပါတယ်။ သူ့ အနေနဲ့ မန်ယူအသင်းမှာပဲ ဆက် ရှိပြီး ဂိုးတွေသွင်းမယ်ဆိုရင် ဂိုးအ များဆုံး သွင်းသူနေရာကို ရလာ နိုင်မှာပါ''ဟုပြောခဲ့သည်။

Yangon Media Group
လေဗာ ကူဆင်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ရူနီသည် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ သည့်အတွက် မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ရူနီသည် အဆိုပါပွဲတွင် နှစ် ဂိုးသွင်းယူနိုင်ခဲ့ရာ မန်ယူအသင်း တွင် ၎င်း၏သွင်းဂိုးမှာ ဂိုး ၂၀၀ အ ထိ ရောက်ရှိလာခဲ့ပြီး အသင်း၏ ဂန္ထဝင်ကစားသမား ဘော်ဘီချာလ် တန်၏ ၂၄၉ ဂိုးစံချိန် ကို ကျော် ဖြတ်နိုင်ရန် ရူနီအနေဖြင့် ဂိုး ၅၀ ထပ်မံသွင်းရန်သာလိုတော့သည်။


ရူနီသည် မန်ယူအတွက် ၄၀၆ ပွဲတွင် ဂိုး ၂၀၀ ပြည့်ခဲ့ခြင်း ဖြစ်ပြီး ဘော်ဘီချာလ်တန်က ၇၅၆ ပွဲတွင် ၂၄၉ ဂိုး သွင်းယူထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရူနီမှာ ယခု ရာသီအတွင်း ၁၂ဂိုး ထပ်မံသွင်း ယူနိုင်လျှင် တတိယဂိုးအများဆုံး သွင်းထားသည့် ဂျက်ရိုးလေး စံချိန် ကိုပါ ထပ်မံကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ယင်းကဲ့သို့ ဂိုး၂၀၀ ပြည့်ခဲ့ ပြီးနောက် ITV နှင့် အင်တာဗျူး တွင် ရူနီက''အခုလို ဂိုး ၂၀၀ ပြည့် သွားတဲ့ အပေါ်သိပ်ဂုဏ်ယူမိတယ်။

အသင်းမှာပြန်ကစားပြီး ဂိုးတွေ သွင်းနိုင်တဲ့အပေါ် ပျော်ရွှင်မိတယ်။ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဟာ အ လွန်အရေးကြီးတဲ့ပွဲပါ။ နောက် ပြီး ရလဒ်လဲ ကောင်းခဲ့တယ်''ဟုပြောခဲ့သည်။ထို့အပြင် နည်းပြမိုယက်စ် က ရူနီအနေဖြင့် မန်ယူအသင်း ၏ ဂိုးသွင်းအများဆုံး ကစားသ မားဖြစ်ရန် စိန်ခေါ်မှုတစ်ရပ်ပြု လုပ်ခဲ့သည်။ မိုယက်စ်က ''ကစား သမားလေးဦးပဲ ဂိုး၂ဝဝကိုပြည့် မြောက်အောင် သွင်းထားနိုင်ပါ တယ်။ ရူနီက မန်ယူ အသင်းရဲ့ ဂိုး အများဆုံးသွင်းသူတစ်ဦးဖြစ်လာ ဖို့ အခွင့်အရေးရှိနေပါတယ်။ သူ့ အနေနဲ့ မန်ယူအသင်းမှာပဲ ဆက် ရှိပြီး ဂိုးတွေသွင်းမယ်ဆိုရင် ဂိုးအ များဆုံး သွင်းသူနေရာကို ရလာ နိုင်မှာပါ''ဟုပြောခဲ့သည်။

Yangon Media Group

No comments:

Post a Comment