Monday 23 September 2013

စိတ်ပျက်ဖွယ်ရာ ခြေစွမ်းနှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ယူ

Photo: စိတ်ပျက်ဖွယ်ရာ ခြေစွမ်းနှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ယူ
Monday, September 23, 2013

ယခုတစ်ပတ်၏ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်သော မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်သည့် မန်ချက်စတာစီး တီးအသင်းနှင့်မန်ချက်စတာယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် အိမ်ရှင်မန်စီးတီးအသင်းမှ ခြေစွမ်းပိုင်းအသာစီးရယူကစားခဲ့ပြီး ၄-၁ ဖြင့်ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ မန်စီးတီးအသင်းအား ယခုရာသီမှစတင်ကိုင်တွယ်သည့်နည်းပြ ပယ်လီဂရီနီ ၏ပထ မဆုံးသော မန်ချက်စတာဒါဘီပွဲစဉ်တွင် ချိုမြိန်သောရလဒ်တစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း မန်ယူနည်းပြသစ် ဒေးဗစ်မိုယက်စ် အတွက်မူခါးသီးသည့်အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့သည်။ 

မန်စီးတီးတိုက်စစ်တွင် နီဂရီဒို၊ အဂူရို တို့ဖြင့် ပွဲထွက်လာခဲ့ကာ နာဆရီ၊ ဂျီးဆပ်နာဗက်စ်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေး တို့၏ကွင်းလယ်ပိုင်းအပြင် ဇာဘလက်တာ၊ ကွန်ပနီ၊ နာစတာဆစ်၊ ကိုလာရော့ဗ် တို့၏နောက်တန်းကိုအသုံးပြုခဲ့သည်။ မန်ယူတိုက်စစ်တွင် အသင်းအားကယ်တင် နေကျဖြစ်သည့် ဗန်ပါစီ ဒဏ်ရာကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရွန်းနီ၊ ၀ဲလ်ဘက် တို့၏တိုက်စစ်အတွဲဖြင့်ပွဲထွက်လာခဲ့ သည်။ 

မန်စီးတီးအသင်းမှ ဂျီးဆပ်စ်နာဗက်၊ နာဆရီ တို့၏တောင်ပံနှစ်ဘက်သည် မန်ယူအသင်းခံစစ်ကို အလုပ်ရှုပ်စေ ခဲ့သည့်အပြင် တိုက်စစ်မှ အဂူရို၊ နီဂရီဒို တို့ ၂ ဦးကလည်း ဖာဒီနန်၊ ဗီဒစ် ခံစစ်အတွဲကို ဒုက္ခကောင်းစွာပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ပထမပိုင်း ၁၆ မိနစ်တွင်တိုက်စစ်မှူး အဂူရို မှဦးဆောင်ဂိုးကိုလှပစွာသွင်းယူခဲ့ပြီး ပထမပိုင်း ပြီးကာနီးနာကျင်အချိန်ပိုတွင် ယာယာတိုရေး မှဒုတိယဦးဆောင်ဂိုးအား ပိတ်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲပြန်စ သည်နှင့် ၅ မိနစ်အတွင်း အဂူရို နှင့် နာဆရီ တို့မှ ၂ ဂိုးဆက်တိုက် ထပ်မံသွင်းယူခဲ့သဖြင့် မန်စီးတီးအသင်း ၄-၀ ဖြင့်ဦး ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် မန်စီးတီးအသင်းမှ ကစားအားလျော့ချခဲ့သဖြင့် မန်ယူအသင်းမှထိုးဖောက်ခွင့်များပို မိုရရှိနိုင်ခဲ့သော်လည်း ကွန်ပနီ ဦးဆောင်သည့်မန်စီးတီးနောက်တန်းအား ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ ၈၇ မိနစ်တွင်မှ တိုက်စစ်မှူး ရွန်းနီ ကပြစ်ဒဏ်ဘောအားတိုက်ရိုက်ကန်သွင်းကာ မန်ယူအသင်းအတွက် အရှက်ပြေနှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ၄-၁ ဖြင့်မန်စီးတီးအသင်းအား မန်ယူအသင်းဒူးထောက်အရှုံးပေးခဲ့ရသည်။

Yatanarpon Call Center
ယခုတစ်ပတ်၏ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်သော မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်သည့် မန်ချက်စတာစီး တီးအသင်းနှင့်မန်ချက်စတာယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် အိမ်ရှင်မန်စီးတီး အသင်းမှ ခြေစွမ်းပိုင်းအသာစီးရယူကစားခဲ့ပြီး ၄-၁ ဖြင့်ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ မန်စီးတီးအသင်းအား ယခုရာသီမှစတင်ကိုင်တွယ်သည့်နည်းပြ ပယ်လီဂရီနီ ၏ပထ မဆုံးသော မန်ချက်စတာဒါဘီပွဲစဉ်တွင် ချိုမြိန်သောရလဒ်တစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း မန်ယူနည်းပြသစ် ဒေးဗစ်မိုယက်စ် အတွက်မူ ခါးသီးသည့်အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့သည်။

မန်စီးတီးတိုက်စစ်တွင် နီဂရီဒို၊ အဂူရို တို့ဖြင့် ပွဲထွက်လာခဲ့ကာ နာဆရီ၊ ဂျီးဆပ်နာဗက်စ်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေး တို့၏ကွင်းလယ်ပိုင်းအပြင် ဇာဘလက်တာ၊ ကွန်ပနီ၊ နာစတာဆစ်၊ ကိုလာရော့ဗ် တို့၏နောက်တန်းကိုအသုံးပြုခဲ့သည်။ မန်ယူတိုက်စစ်တွင် အသင်းအားကယ်တင် နေကျဖြစ်သည့် ဗန်ပါစီ ဒဏ်ရာကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရွန်းနီ၊ ၀ဲလ်ဘက် တို့၏တိုက်စစ်အတွဲဖြင့်ပွဲထွက်လာခဲ့ သည်။

မန်စီးတီးအသင်းမှ ဂျီးဆပ်စ်နာဗက်၊ နာဆရီ တို့၏တောင်ပံနှစ်ဘက်သည် မန်ယူအသင်းခံစစ်ကို အလုပ် ရှုပ်စေ ခဲ့သည့်အပြင် တိုက်စစ်မှ အဂူရို၊ နီဂရီဒို တို့ ၂ ဦးကလည်း ဖာဒီနန်၊ ဗီဒစ် ခံစစ်အတွဲကို ဒုက္ခကောင်း စွာပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ပထမပိုင်း ၁၆ မိနစ်တွင်တိုက်စစ်မှူး အဂူရို မှဦးဆောင်ဂိုးကို လှပစွာသွင်းယူခဲ့ပြီး ပထမပိုင်း ပြီးကာနီးနာကျင်အချိန်ပိုတွင် ယာယာတိုရေး မှဒုတိယ ဦးဆောင်ဂိုးအား ပိတ်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲပြန်စ သည်နှင့် ၅ မိနစ်အတွင်း အဂူရို နှင့် နာဆရီ တို့မှ ၂ ဂိုးဆက်တိုက် ထပ်မံသွင်း ယူခဲ့ သဖြင့် မန်စီးတီးအသင်း ၄-၀ ဖြင့်ဦး ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် မန်စီးတီးအသင်းမှ ကစားအားလျော့ချခဲ့သဖြင့် မန်ယူအသင်းမှထိုးဖောက်ခွင့်များပို မိုရရှိနိုင်ခဲ့သော်လည်း ကွန်ပနီ ဦးဆောင်သည့်မန်စီးတီးနောက်တန်းအား ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ ၈၇ မိနစ်တွင်မှ တိုက်စစ်မှူး ရွန်းနီ ကပြစ်ဒဏ်ဘောအားတိုက်ရိုက်ကန်သွင်းကာ မန်ယူအသင်းအတွက် အရှက်ပြေနှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ၄-၁ ဖြင့်မန်စီးတီးအသင်းအား မန်ယူအသင်းဒူးထောက်အရှုံးပေး ခဲ့ရ သည်။

Yatanarpon Call Center

No comments:

Post a Comment