Monday 23 September 2013

အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို


Photo: အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို
Monday, September 23, 2013

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း
များ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ
ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြော
ကြားသည်။

မြေဈေးစံနှုန်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတော်က ရသင့်ရ
ထိုက်သည့် အခွန်တစ်ဝက်ခန့် ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်
နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင်
တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့် အခွန်ဆုံးရှုံးမှုကို ကာကွယ်တဲ့ အနေနဲ့ အခွန်ကောက်မယ့် နှုန်းထားကို သတ်မှတ်တာ”ဟု ဒေါက်တာမောင်မောင်
သိမ်း က ရှင်းပြသည်။

အခွန်ကောက်ရန် မြေစံနှုန်း သတ်မှတ်လိုက်သော်လည်း အိမ်၊ ခြံ၊ မြေ
ရောင်းဝယ်ရေး ဈေးကွက်ကို ထိန်းချုပ်မည် မဟုတ်ကြောင်း၊ လက်ရှိ
ကောက်ခံနေသည့် အခွန်နှုန်းထားကိုလည်း ပြင်ဆင်ရန် အစီအစဉ် မရှိသေးကြောင်း ၎င်းကပြောကြားသည်။“ရောင်းသူနဲ့ ဝယ်သူကတော့
ကြိုက်ရောင်း ကြိုက်ဝယ် ရှိနေဦးမှာပဲ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

မြေဈေးစံနှုန်း သတ်မှတ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အတက်အကျ မရှိဘဲ ဈေးနှုန်း တည်ငြိမ်သွားနိုင်ပြီး အရောင်းအဝယ်လည်း တည်ငြိမ်သွားနိုင်ကြောင်း အိမ်ကမ္ဘာအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ “ဒီလို သတ်မှတ်ပေမယ့်လည်း
အထူးကိုယ်စားလှယ် လွှဲစာနဲ့ လုပ်တဲ့သူတွေကတော့ ရှိနေဦးမှာပါပဲ။ ဝယ်သူနဲ့ ရောင်းသူနဲ့ အခွန်မဆောင်ချင်သေးလို့ နားလည်မှု ယူပြီးလုပ်တဲ့ (စာချုပ်မချုပ်) သဘောမျိုး ပေါ့။ ဒါတွေက ဓနအင်အား တောင့်တင်းတဲ့
သူတွေ အများဆုံး လုပ်ကြတာပါ” ဟု ၎င်းကပြောကြားသည်။

မြေဈေးစံနှုန်း သတ်မှတ်ချက်များအရ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်
တို့မှာ ဈေးအမြင့်ဆုံး အနေဖြင့် ပါဝင်ပြီး တစ်ပေပတ်လည်လျှင် ကျပ်နှစ်သိန်း ခုနစ်သောင်းမှ ကျပ်သုံးသိန်း နှစ်သောင်း အထိ သတ်မှတ်ထားပြီး ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားနှင့် လမ်းမတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသော မဟာဗန္ဓုလ လမ်းတစ်လျှောက်ကို တစ်ပေ ပတ်လည်လျှင် ကျပ်နှစ်သိန်း လေးသောင်း သတ်မှတ်ထားကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဝေဇယန္တာ လမ်းမကြီး တစ်လျှောက်ရှိ တစ်ပေပတ်လည် ဈေးနှုန်းများမှာ ကျပ်တစ်သိန်းတစ်သောင်း သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်ရေးရုံးမှ သိရသည်။

ယင်းအခွန်စံနှုန်းများသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။

The Voice Weekly

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း များ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေ သည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။


မြေဈေးစံနှုန်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့် ဆုံး ရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင်တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့် အခွန်ဆုံးရှုံးမှုကို ကာကွယ်တဲ့ အနေနဲ့ အခွန်ကောက်မယ့် နှုန်းထားကို သတ်မှတ် တာ”ဟု ဒေါက်တာမောင်မောင်သိမ်း က ရှင်းပြသည်။

အခွန်ကောက်ရန် မြေစံနှုန်း သတ်မှတ်လိုက်သော်လည်း အိမ်၊ ခြံ၊ မြေရောင်းဝယ်ရေး ဈေးကွက်ကို ထိန်းချုပ်မည် မဟုတ်ကြောင်း၊ လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားကိုလည်း ပြင်ဆင်ရန် အစီအစဉ် မရှိသေးကြောင်း ၎င်းကပြောကြားသည်။“ရောင်းသူနဲ့ ဝယ်သူကတော့ကြိုက်ရောင်း ကြိုက်ဝယ် ရှိနေဦး မှာပဲ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

မြေဈေးစံနှုန်း သတ်မှတ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အတက်အကျ မရှိဘဲ ဈေးနှုန်း တည်ငြိမ်သွားနိုင်ပြီး အရောင်းအဝယ်လည်း တည်ငြိမ်သွားနိုင်ကြောင်း အိမ်ကမ္ဘာအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ “ဒီလို သတ်မှတ်ပေမယ့်လည်း အထူး ကိုယ်စားလှယ်လွှဲစာနဲ့ လုပ်တဲ့သူတွေကတော့ ရှိနေဦးမှာပါပဲ။ ဝယ်သူနဲ့ ရောင်းသူနဲ့ အခွန် မဆောင်ချင်သေးလို့ နားလည်မှု ယူပြီးလုပ်တဲ့ (စာချုပ်မချုပ်) သဘောမျိုး ပေါ့။ ဒါတွေက ဓန အင်အား တောင့်တင်းတဲ့သူတွေ အများဆုံး လုပ်ကြတာပါ” ဟု ၎င်းကပြောကြားသည်။

မြေဈေးစံနှုန်း သတ်မှတ်ချက်များအရ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့မှာ ဈေးအမြင့်ဆုံး အနေဖြင့် ပါဝင်ပြီး တစ်ပေပတ်လည်လျှင် ကျပ်နှစ်သိန်း ခုနစ်သောင်းမှ ကျပ်သုံးသိန်း နှစ်သောင်း အထိ သတ်မှတ်ထားပြီး ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားနှင့် လမ်းမတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသော မဟာဗန္ဓုလ လမ်းတစ်လျှောက်ကို တစ်ပေ ပတ်လည်လျှင် ကျပ်နှစ် သိန်း လေးသောင်း သတ်မှတ်ထားကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဝေဇယန္တာ လမ်းမကြီး တစ်လျှောက်ရှိ တစ်ပေ ပတ်လည် ဈေးနှုန်းများမှာ ကျပ်တစ်သိန်းတစ်သောင်း သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်ရေးရုံးမှ သိရသည်။

ယင်းအခွန်စံနှုန်းများသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။

The Voice Weekly

No comments:

Post a Comment