Monday 23 September 2013

ကော့သောင်းထောင်မှ ပြောင်းရွေ့ အကျဉ်းသားသယ်သည့် သင်္ဘော ရာသီဥတု ဆိုးဝါးမှုကြောင့် မလိကျွန်းတွင် ခိုလှုံနေရ

ပြီးခဲ့သည့် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဆူပူအုံကြမှု ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား(၁၂၀)ဦးခန့် အား ထောင်ပြောင်းရွေ့ရာတွင် သယ်ယူခဲ့သည့် ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သင်္ဘော သည် (၁၈) ရက်နေ့ ည (၇) နာရီခန့်မှစ၍ ကော့သောင့်မြို့ တော် ၀င် ဆိပ်ကမ်းမှ ထွက်ခွာ လာရာ ပင်လယ်ပြင်အတွင်း ရာသီဥတု ဆိုးဝါး မှုကြောင့် မြိတ်ခရိုင် ပုလောမြို့နယ်အပိုင် မလိကျွန်းတွင် (၂၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ခေတ္တ ခိုနားနေရကြောင်း သိရှိရသည်။
၎င်း သင်္ဘောတွင် အကျဉ်းသား (၁၂၀) ဦးခန့်ပါဝင်ပြီး ၄င်းတို့အား မလိကျွန်းရှိ အမှတ်( ..... ) ရေတပ် အခြေစိုက် စခန်းမှ ကျွေးမွေး စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ထိုအကျဉ်းသားများအား မော်လမြိုင် အကျဉ်းထောင် သို့ ပြောင်းရွေမည်ဖြစ်ကြောင်း သတင်းများ ထွက် လျက် ရှိပြီး ယခုရက်ပိုင်းအတွင်း တနင်္သာရီကမ်းရိုးတန်း၌ ရာသီဥတုဆိုးဝါးလျက် ရှိသောကြောင့် မလိကျွန်းမှနေ၍ ပြန်လည်ထွက်ခွာမည့်ရက်အား သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကိုစိုးလွင်(ကသ)
မြိတ်ပုလဲမြေ

No comments:

Post a Comment