Monday 23 September 2013

သဘာဝဘေးအန္တရာယ်အတွင်းမှ လူသားတို့အသက်ကို ကယ်တင်ပေးမည့် မီးနဂါးဘောလုံးများ


မကြာသေးမီနှစ်က ဂျပန်နိုင်ငံတွင် ကြီးမားသောရေငလျင်   ဆူနာမီ ဖြစ်ပေါ်ခဲ့ရာ  လူ့အသက်နှင့် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်    နည်းပညာအင်အား ကောင်းမွန်သော      ဂျပန်နိုင်ငံ သည်     သူ၏ နည်းပညာ အင်အားကို ပြသသည့်အနေဖြင့် သဘာဝဘေးအရေးကြုံလျှင် လွယ်ကူ လျင်မြန် စွာအသုံးပြု နိုင်သော  အသက်ကယ် ဘောလုံးကို ၂၀၁၂ ခုနှစ်တွင်  မိတ်ဆက်ပြသပေး နိုင်ခဲ့ ရုံမျှ မက  ဈေးကွက်အတွင်း သို့လည်း  အမှန် တကယ် ပို့ဆောင်ပေး နိုင်ခဲ့သည်။
ကားတစ်စီးတန်ဖိုးနှင့် မကွာခြားလှသော  အဆိုပါမီးနဂါးဘောလုံးဟု အမည်ရသည့် သဘာဝဘေး အသက် ကယ် ဘောလုံးများကို ဂျပန်နည်းပညာဖြင့် ဖန်တီးတည်ဆောက်ထားပြီး ဂျပန်နိုင်ငံရှိ   ပြည်တွင်း နာမည်ကြီး ကာတွန်း ဇာတ်ကားများအတွင်း ပါဝင်လေ့ရှိသော Fire Dragon Ball ဟု လူသိများ သည့် ဘောလုံးကိုအခြေခံပြီး  တည်ဆောက် ဖန်တီးထားသည်ဟု ဂျပန်နည်း ပညာစာ မျက်နှာ များ တွင် တွေ့ရှိရသည်။ အဆိုပါဘောလုံးများကို  မုန်တိုင်း အန္တရာယ်နှင့် သဘာဝဘေးဒဏ်တို့အတွက် အထူးစီမံတည် ဆောက်ထားပြီး    အကောင်းစား သားရေနှင့် ပလတ်စတစ်စပ်ကိုယ် ထည်ကို အသုံးပြု ထားသည် ဟု သိရှိရ သည်။ ဖိအားခံနိုင်ဝန် ကိုးတန်အထိ ရှိပြီး ရေပေါ်ရေအောက်အ သုံးပြုနိုင် သည်ဟုလည်း သိရှိရသည်။ အတွင်း ပိုင်းတွင် လူလေးဦးမျှလိုက် ပါနိုင်ပြီး ရေဒီယို ဆက်သွယ်ရေး စနစ်၊ နေရောင် ခြည်စွမ်းအင်စနစ်၊ ဒစ်ဂျစ် တယ်လမ်း ကြောင်းပြစနစ်၊ ရေစိုခံဖုန်းနှင့် အခြား လိုအပ်သည့် လူ့အသုံးအဆောင် အချို့ ကိုလည်း ထည့်သွင်း ပေးထား သည်ဟု သိရသည်။
မုန်တိုင်းနှင့်   သဘာဝဘေးဒဏ် များကို  အမှန်တကယ်ကြုံတွေ့ရပါက အဆိုပါ    ဘောလုံးများအတွင်း လူလေးဦးမျှ     တစ်ပတ်ခန့်နေထိုင် နိုင်ရန်     စီမံထုတ်လုပ်ထားခြင်း ဖြစ်သည်။   လိုအပ်သော  စားရေ ရိက္ခာနှင့် အရေးပေါ် ဆက်သွယ် ရေး စနစ်များပါဝင်သော အဆိုပါဘောလုံး များသည် ပင်လယ်ကူး သင်္ဘောများတွင် တပ်ဆင်ထားလေ့ရှိသည့် အသက် ကယ်လှေ Life Boat များ ထက်ပင် ပိုမိုအသုံးဝင်ကာ သယ်ဆောင် ရလွယ်ကူသည်။ နည်း ပညာမြင့်မား သည့်   အဆိုပါ ဘောလုံးများကို ကမ္ဘာ တစ်ဝန်း ထုတ်လုပ်ရောင်းချရန် စီစဉ် လျက်ရှိကြောင်း သိရှိရသည်။ ရေ၊ လေ၊ မီးတို့၏ တုံ့ပြန် သက်ရောက်မှုခံနိုင်ရန် စမ်းသပ်ပြီးသည့်နောက် လူသားငါးဦး ၏အသက်ကို ကယ်တင်ေ ပးနိုင်သည့် အဆိုပါ  မီးနဂါး ဘောလုံးအတွင်း ထည့်သွင်းပေးထားသည့် နည်းပညာ မှာ သဘာဝဘေးဒဏ် ကျရောက်နေ ချိန်အတွင်း     လွယ်ကူလျင် မြန်စွာ အဆက်အသွယ်ပြုနိုင်စေပြီး အကူ အညီနှင့်   ကယ်ဆယ်ရေး အဖွဲ့တို့ နေရာ အတိအကျသိရှိစေရန်    စနစ် များစွာ  ထည့်သွင်းပေးထားသည်ဟု သိရှိရသည်။
၎င်းမီးနဂါး    ဘောလုံးများကို ယခုလက်တွေ့အသုံးပြုနိုင်ရုံမျှမက နောင်လာမည့်နှစ်များအတွင်း နည်း ပညာများ ဆန်းသစ်ကာ တန်ဖိုးနည်းပါးစွာဖြင့်  လူတိုင်းစေ့အသုံးပြုနိုင် ရန်လည်း   ဂျပန်နည်း ပညာလုပ်ငန်းများမှ စီမံလျက်ရှိသည်။  အဆိုပါ မီးနဂါးဘောလုံးများသည် တန်ဖိုးနည်းပါးကာ သယ်ဆောင်ရလွယ်ကူပြီး အမှန်တကယ် အသုံးဝင်မည်ဆိုပါက ဂျပန်နည်း ပညာနှင့် မီးနဂါးဘောလုံး များသည် အဆင့်မြင့်ဖုန်းများထက်ပင် ပိုမိုဈေးကွက်ရနိုင်ကြောင်း ပရိသတ် များက ဆိုထား သည်။
TIKILA
Featured News: 
 
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment