Monday 23 September 2013

ပါကစ္စတန်တွင်ဗုံးပေါက်ကွဲ ၂၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ မြို့တော်ပက်ရှ်ဝါတွင် အသေခံဗုံးခွဲ သမားတစ်ဦးက ဗုံးဖောက်ခွဲလိုက်ရာ လူ ၂၅ ဦးထက်မနည်း သေဆုံး၍ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၄၅ဦး ခန့် ဒဏ်ရာများရရှိကြောင်း ဂျီအီးအိုသတင်းဌာနက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်လွှင့်ဖော်ပြသည်။
ပါကစ္စတန် ခရစ်ယာန်ဘုရားကျောင်းအနီး ကိုဟာတီ ဂိတ်အပြင်ဘက်တွင် အသေခံဗုံးခွဲသမားက အသေခံ ဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသံနှစ်ကြိမ်ကို အနီး အနားဒေသများမှကြား ရကြောင်း သတင်း တွင်ဖော်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားသောနေရာမှ ဒဏ်ရာရရှိသွားသူ ၃၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေး လျက်ရှိ သည်။ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘုရားကျောင်း၌ ဝတ်ပြု ဆုတောင်းသူ ၅၀၀ ကျော် တက်ရောက်၍ ဝတ်ပြုနေချိန် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ 

ဆင်ဟွာ။

No comments:

Post a Comment