Monday 23 September 2013

ဟုန်ရှင်းအအေးခန်း စက်ရုံအရေး တိုင်းအလုပ်သမားဝန်ကြီး ညှိနှိုင်းပေး

Photo: ဟုန်ရှင်းအအေးခန်း စက်ရုံအရေး တိုင်းအလုပ်သမားဝန်ကြီး ညှိနှိုင်းပေး
Monday, September 23, 2013

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်လိုက်တဲ့အတွက် မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ၂၂ ရက်နေ့က ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။

ညနေ ၆ နာရီကျော်အထိ မြို့တော်ခန်းမထဲမှာ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ ဟုန်ရှင်းစက်ရုံမှူးနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

“စက်ရုံကို လုံးဝပိတ်သိမ်းပေးမယ်လို့ ကြေညာတာ ခင်ဗျ၊ နောက်ပြန် မဖွင့်တော့ဘူးပေါ့နော်၊ ပြန်ဖွင့်ရင် သူတို့ကိုယ်တိုင် အရေးယူမယ်လို့ ကတိပေး သွားတယ်၊ မြို့တော်ခန်းမထဲမှာ သူတို့စာချုပ်ချုပ်ရင်းနဲ့ အလုပ်သမားခေါင်းတောင် ကိုမင်းမင်းတို့၊ ကိုသီဟတို့နဲ့ စာချုပ်ထဲမှာ ဘယ်လိုချုပ်မလဲဆိုတော့ စက်ရုံကလုံးဝ အပြီးအပိုင် ရုပ်သိမ်းပေးမယ်ပေါ့၊ အလုပ်သမားတွေကို အတင်းဆွဲထားတဲ့ စက်ရုံပိတ်ဆို့ဘာတို့ အဲဒါတွေ လည်း ဝန်ကြီးက သူဖြုတ်ပေးမယ်လို့ ပြောတယ်”

ဆန္ဒပြအလုပ်သမားတွေက ပုဒ်မ(၁၈) နဲ့  သူတို့ကိုတရား စွဲတာ ပြန် ရုတ်သိမ်းပေးဖို့၊ စက်ရုံအမည်ပြောင်းပြီးပြန်ဖွင့်ခဲ့ရင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အခုဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမားပဋိပက္ခကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ စတဲ့အချက်တွေကို အလုပ်သမားဝန်ကြီး ဦးစိုးမင်းထံ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်ကလည်း ဟုန်ရှင်းစက်ရုံကို လုံးဝပိတ်လိုက်တာဖြစ်ပြီး တခြား အမည်နဲ့ ပြန်မဖွင့်တော့ကြောင်း အလုပ်သမားတွေကို နစ် နာကြေးငွေ ၊ လုပ်သက်အလိုက် ၃လစာကနေ ၅လစာ အထိ လျော်ကြေးပေးမယ်လို့ ထပ်မံကတိပေးတယ်လို့ သိရပါတယ်။

တခြားစက်မှုဇုန်က လုပ်ငန်းရှင်တွေ အလုပ်သမားလိုအပ်ရင် အခုဆန္ဒပြအလုပ်သမားတွေကို ဦးစားပေးခန့်သွားဖို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ကတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

RFA
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်လိုက်တဲ့အတွက် မြို့တော် ခန်းမရှေ့မှာ စက်တင်ဘာလ၂၂ ရက်နေ့က ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် အကြား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဒီနေ့ညနေပိုင်းမှာ ဝင်ရောက် ညှိနှိုင်းပေး ခဲ့ပါတယ်။
ညနေ ၆ နာရီကျော်အထိ မြို့တော်ခန်းမထဲမှာ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ ဟုန်ရှင်းစက်ရုံမှူးနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

“စက်ရုံကို လုံးဝပိတ်သိမ်းပေးမယ်လို့ ကြေညာတာခင်ဗျ၊ နောက်ပြန် မဖွင့်တော့ဘူးပေါ့နော်၊ ပြန်ဖွင့်ရင် သူတို့ကိုယ်တိုင် အရေးယူမယ်လို့ ကတိပေး သွားတယ်၊ မြို့တော်ခန်းမထဲမှာ သူတို့စာချုပ်ချုပ်ရင်းနဲ့ အလုပ်သမားခေါင်းတောင် ကိုမင်းမင်းတို့၊ ကိုသီဟတို့နဲ့ စာချုပ်ထဲမှာ ဘယ်လိုချုပ်မလဲဆိုတော့ စက်ရုံက လုံးဝ အပြီးအပိုင် ရုပ်သိမ်းပေးမယ်ပေါ့၊ အလုပ်သမားတွေကို အတင်းဆွဲထားတဲ့ စက်ရုံပိတ်ဆို့ဘာတို့ အဲဒါတွေ လည်း ဝန်ကြီးက သူဖြုတ်ပေးမယ်လို့ ပြောတယ်”

ဆန္ဒပြအလုပ်သမားတွေက ပုဒ်မ(၁၈) နဲ့  သူတို့ကိုတရား စွဲတာ ပြန် ရုတ်သိမ်းပေးဖို့၊ စက်ရုံ အမည်ပြောင်းပြီးပြန်ဖွင့်ခဲ့ရင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အခုဖြစ်နေတဲ့ အလုပ်ရှင် အလုပ် သမားပဋိပက္ခကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ စတဲ့အချက်တွေကို အလုပ်သမားဝန်ကြီး ဦးစိုးမင်းထံ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်ကလည်း ဟုန်ရှင်းစက်ရုံကို လုံးဝပိတ်လိုက်တာဖြစ်ပြီး တခြား အမည်နဲ့ ပြန်မ ဖွင့်တော့ကြောင်း အလုပ်သမားတွေကို နစ် နာကြေးငွေ ၊ လုပ်သက်အလိုက် ၃လစာကနေ ၅လစာ အထိ လျော်ကြေးပေးမယ်လို့ ထပ်မံကတိပေးတယ်လို့ သိရပါတယ်။

တခြားစက်မှုဇုန်က လုပ်ငန်းရှင်တွေ အလုပ်သမားလိုအပ်ရင် အခုဆန္ဒပြအလုပ်သမားတွေကို ဦးစားပေး ခန့်သွားဖို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း အလုပ်သမား ဝန်ကြီး ဦးစိုးမင်းက ကတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

RFA

No comments:

Post a Comment