Sunday 11 August 2013

ဝါယာကြိုးဖြင့် ဆွဲကြိုးချသေဆုံး

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြို့သစ် က/ခ ရပ်ကွက် ၊ က/(၅)လမ်းတွင်ရှိ အိမ်အမှတ် မ-၄၀တွင် အမျိုးသားတစ်ဦးသည် လျှပ်စစ်ဝါယာကြိုးဖြင့် ထုတ်တန်းတွင် ဆွဲကြိုးချသေဆုံးသွားကြောင်း ယင်းရဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


“အဲဒီလူက အရက်တော့ နေ့တိုင်းလိုလို သောက်ပြီး မူးနေတယ်။ ခုမှ တစ်ယောက်တည်း အိမ်ပေါ်မှာ တစ်ယောက်တည်း ဆွဲကြိုးချတယ် ကြားလို့ လာကြည့်တာပါ”ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောကြား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အင်းစိန်မြို့မ ရဲစခန်းမှ ဒုရဲအုပ် ရမြင့်က တရားလိုပြုလုပ်၍ ယင်းရဲစခန်းတွင် သေမှုသေခင်း အမှတ်-၅၃/၂၃ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိပြီး စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment