Sunday 11 August 2013

ဒဂုံဆိပ်ကမ်း၊မြောက်ဒဂုံနှင့်ကြည့်မြင်တိုင်တို့တွင် နှစ်လုံးရောင်းချသူများ ဖမ်းမိ

ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် နှစ်လုံးရောင်းချသူများကို ယမန်နေ့ က သက်ဆိုင်ရာ ရာစခန်းများမှ ဒုရဲအုပ်နှင့် အဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ဖမ်း ဆီးနိုင်ခဲ့ကြောင်း ရန်ကုန်းတိုင်း ရဲဌာနမှ သိရသည်။


ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက် ဧရာဝဏ်လမ်းသွယ်အတွင်းမှ နှလုံးရောင်းချသော သက်သေများနှင့် အတူ ဖမ်းမိသူ ကိုနန္ဒအား ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဝဏ္ဏမောင်လွင်က တရား လိုပြုလုပ် ၍ မမစ(ပ)၂၇၀/၁၃လည်းကောင်း ၊ မြောက်ဒဂုံ၊ (၄၁)ရပ်ကွပ်၊ မဟာမြိုင်အိမ်ရာအတွင်းမှ နှလုံးရောင်းချသော သက်သေများနှင့်အတူ ဖမ်းမိသော ကိုညီညီထွန်းနှင့် မစုရီတို့အား မြောက်ဒဂုံ မြို့မရဲစခန်းမှ ဒုရဲအုပ် အာကာမင်းမင်းထွန်းက တရားလိုပြုလုပ်၍ မမစ(ပ) ၄၃၂/၁၃ဖြင့် လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ် ဆေး/ငြိမ်းရပ်ကွက်ရှိ နှလုံးရောင်း ချသည့် သက်သေများနှင့်အတူ ဖမ်းမိသော မအေးအေးမြင့်အား ကြည့်မြင်တိုင် မြို့မရဲစခန်းမှ အမှုစစ်ဒုရဲအုပ် ဝင်းဌေးဦးက တရားလိုပြုလုပ်၍ မမစ(ပ)၅၇၆/၁၃ြ ဖင့် လည်းကောင်း အမှုအသီးသီးဖွင့်၍ လောင်းကစားပုဒ်မ-၁၅(က)/၁၆(က)တို့ဖြင့် အမှုဖွင့်အရေး ယူဆောင် ရွက် လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော နှလုံးရောင်းချသူ လေးဦးမှ နှစ်လုံးရောင်းချသော ပစ္စည်းများ၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ်(၁၅၈၈၅၀)တို့အား သိမ်းဆည်းရမိကြောင်း ဆက်လက်သိရသည်။
မြန်မာ့ခေတ်

No comments:

Post a Comment