Monday 24 June 2013

အယ်လ် ကန် တာ ရာ အား ခေါ် ယူ ရန် မန်ယူ အသင်း သဘော တူညီမှု ရရှိ

Photo: အယ်လ်ကန်တာရာ အား ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
Monday, June 24, 2013

ပရီးမီးယားလိဂ် ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းသည် စပိန်ထိပ်သီး ဘာစီလိုနာအသင်းမှကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာ အား ခေါ်ယူရန်အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပခဲ့သည့် ဥရောပ ယူ-၂၁ ဗိုလ်လုပွဲစဉ်တွင် စပိန်အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူခဲ့သည့် အဆိုပါကွင်းလယ်ကစားသမားအား မန်ယူအသင်းသည် ယခင်ကပင် ခေါ်ယူရန်ချိတ်ဆက်လျက် ရှိသည်။ 

အယ်လ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၇ သန်းခန့် ရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး မန်ယူအသင်းတွင် အယ်လ်ကန်တာရာ အနေဖြင့် တစ်နှစ်လုပ်ခ ပေါင် ၅ သန်း ရရှိမည်ဖြစ်သည်။ သူသည် ပြီးခဲ့သော ရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲ ပါဝင်ကစားနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

Yatanarpon
ပရီးမီးယားလိဂ် ၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက် အသင်းသည် စပိန် ထိပ်သီး ဘာစီလိုနာအသင်းမှ ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာ အား ခေါ်ယူရန် အတွက် သဘော တူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပခဲ့သည့် ဥရောပ ယူ-၂၁ ဗိုလ်လုပွဲစဉ်တွင် စပိန်အသင်းအတွက် ဟက်ထရစ် ဂိုး သွင်းယူခဲ့သည့် အဆိုပါ ကွင်းလယ်ကစားသမားအား မန်ယူအသင်းသည် ယခင်ကပင် ခေါ်ယူရန် ချိတ် ဆက် လျက်ရှိသည်။

အယ်လ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၇ သန်းခန့် ရှိနိုင်ကြောင်း သတင်းများ က ဖော်ပြ ခဲ့ပြီး မန်ယူအသင်းတွင် အယ်လ် ကန်တာရာ အနေဖြင့် တစ်နှစ်လုပ်ခ ပေါင် ၅ သန်း ရရှိမည်ဖြစ်သည်။ သူသည် ပြီးခဲ့သော ရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲ ပါဝင်ကစားနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။
Yatanarpon

No comments:

Post a Comment